ခွင့်တိုင်ထားတယ်လို့ သိရပါတယ်။
Sabal Thwin

မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း မခင်မြတ်နိုးကတော့ ဒီနေ့( မေလ ၂၅ ရက်)က ရုံးချိန်း အခြေအနေကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှု နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ဒီနေ့ ( မေလ ၂၅ ရက်) မှာတော့ ရုံးချိန်းကို ကျန်းမာရေးမကောင်းလို့ မတက်ရောက်နိုင်ခဲ့ဘူးဆိုပြီးတော့ သူ့ရဲ့ ရှေ့နေက တဆင့် ခွင့်တိုင်ကြားခဲ့တယ်လို့ ရန်ကင်းတရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက မီဒီယာတွေကို ပြောပါတယ်။ 

ရုံးချိန်းကိုတော့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း မခင်မြတ်နိုးက ရောက်လာခဲ့ပြီးဒီနေ့ မေလ(၂၅) ရက်နေ့ ရုံးချိန်း အခြေအနေကို Duwun အင်တာဗျူးမှာ ပြောပြလာပါတယ်။

“ဒီနေ့ကတော့ ရုံးချိန်းပဲ ပြန်ပေးတာပါ။ သူတို့က အမှုနဲ့ ပတ်သက်ပြီးတော့ အရှေ့ပိုင်းခရိုင်ကို အမိန့်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ချက် ပြန်လျှောက်ထားတာလေ။ အမှုတွဲက အရှေ့ပိုင်းခရိုင်ကို ရောက်နေတာပါ။ အဲဒီတော့ အမှုတွဲ ပြီးသွားတော့မှ ဒီမှာ ပြန်စစ်လို့ရမှာ။ ဟိုဘက်ကနေမှ အမှုတွဲ ပြင်ဆင်ချက် လျှောက်ထားတဲ့ဟာကို အမိန့်ချမှာကတော့ (၂၉) ရက်နေ့ပါ” လို့ သူကဆိုပါတယ်။ 

မခင်မြတ်နိုးကလည်း မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။ 

“ ဒါကလည်း ကံတရားပဲပေါ့နော်။ ရှုံးမယ်လို့လည်း သိပ်တော့ မထင်ပါဘူး။ လူကြီးတွေကလည်း မှန်မှန်ကန်ကန် စိစစ်နေတာဆိုတော့လေ။ အကယ်၍ ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်လည်း ကံပဲလေ။ နောက် ရုံးချိန်းကိုတော့ ဇွန်လ(၉) ရက်နေ့ ပြန်ချိန်းတယ်ရှင့်။ ” ဆိုပြီးတော့ မေလ (၂၅) ရက်နေ့က ရန်ကင်းတရားရုံးက ရုံးချိန်းကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က