အဖေက မုန့်ဟင်းခါးလေးတွေကြိုက်တယ်ပြောရင် သဘောကျနေတာပဲ။

အောင်ရဲလင်းဟာ ဦးမိုးဒီတစ်ယောက် အလုပ်တွေမလုပ်နိုင်တော့တဲ့အချိန်မှာ မုန့်ဟင်းခါးထုပ်လေးတွေရောင်းနေရတဲ့အပေါ် သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Aung Ye Linn



အောင်ရဲလင်းဟာ သူအရမ်းချစ်ရတဲ့ ဝါရင့်သရုပ်ဆောင်တွေထဲမှာ ဦးမိုးဒီလည်း တစ်ယောက်အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဦးမိုးဒီဟာ မိသားစု စီးပွားရေး အခြေအနေအရ မုန့်ဟင်းခါးထုပ်လေးတွေ ရောင်းနေရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။  

“ အဖေကကျတော့ ဇာတ်ကားတွေ မရိုက်နိုင်တော့တာထက် အသက်အရွယ်အရ အရမ်းကြီး အပင်ပန်းမခံနိုင်တော့ဘူးလို့ ကျွန်တော် ထင်တာပါ။ ယောကျ်ားလေးတစ်ယောက်ဆိုတာ အလုပ်မရှိဘူးဆိုရင်တောင်မှ တစ်ခုခုကို အာရုံလေးရှိနေမှ ကောင်းတယ်လို့ ကျွန်တော်ထင်တာပါ။ အဖေ ဆိုရင်လည်း သူအလုပ်အားနေတော့ အခုလို မုန့်ဟင်းခါးလေးတွေ ထုပ်ရောင်းတယ်။ သူ့ မုန့်ဟင်းခါးလေးတွေ ကြိုက်တယ်ပြောရင် သဘောကို ကျနေရောပဲ” လို့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဥုံဖွ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aung Ye Lin

အောင်ရဲလင်းဟာ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာ ဦးမိုးဒီနဲ့ ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူဟာ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းပါပဲ။ အောင်ရဲလင်းဟာ သရုပ်ဆောင် တစ်ယောက်ဆိုပေမယ့် ရိုက်ကွင်းပေါ်မှာရှိတဲ့ ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တွေ၊ စက်မှုအလွှာက လုပ်သားတွေနဲ့ ပါ တရင်းတနှီးနေလေ့ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သရုပ်ဆောင်အသစ်တွေပေါ်မှာလည်း စီနီယာကောင်းပီသတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo: Moe D

အောင်ရဲလင်းကတော့ ဦးမိုးဒီကို ချစ်စနိုးနဲ့ အဖေ ဆိုတဲ့ နာမ်စားလေးသုံးပြီး ခေါ်လေ့ရှိတယ်လို့ သိရပါတယ်။ အခုလည်း မုန့်ဟင်းခါး အသင့်စားအထုပ်လေးတွေ လုပ်ရောင်းနေတဲ့ ဦးမိုးဒီရဲ့ စီးပွားရေးအပေါ် သူ့ရဲ့ အမြင်လေးကို အခုလို ပြောပြခဲ့ပါတယ်။ 

“ဦးမိုးဒီကတော့ စီးပွားရေး မပြေလည်တာ မဟုတ်ပဲ ဝါသနာအရ မုန့်ဟင်းခါးရောင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဦးမိုးဒီ အခုလို မုန့်ဟင်းခါးချက်တတ်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားဘူး။ အရမ်းလည်း အံ့သြသွားတယ်။ ဖုန်းနံပါတ်တောင် ယူထားတယ်။ အဖေလို့ ကျွန်တော် အဖေ့ရဲ့ မုန့်ဟင်းခါးထုတ်တွေ လာဝယ်မယ်။ အလကားပေးစရာမလိုဘူးဆိုပြီးတော့ ပြောလိုက်သေးတယ်” ဆိုပြီးတော့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Aung Ye Linn

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က