ခရီးတွေ အတူတူသွားခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောလာပါတယ်။
Sabal Thwin

ရေဗက္ကာဝင်းတစ်ယောက် သူ့ရဲ့ အမူအရာတွေကို လုပ်ပြခဲ့တဲ့ ရတနာမိုင်ကို စိတ်မဆိုးတဲ့အပြင် သဘောကျမိတယ်လို့ ဆိုပါတယ်။ မိုင်လေးနဲ့ ခရီးသွားတုန်းက အမှတ်တရတွေကိုလည်း သူကပြောပြခဲ့ပါတယ်။

ရေဗက္ကာဝင်းကတော့ သူ့ရဲ့ သီချင်းဆိုပုံတွေကို Win’s Show Time မှာ လုပ်ပြခဲ့တဲ့ ရတနာမိုင်ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ ရတနာမိုင်နဲ့ ခရီးတွေ အတူတူသွားရရင်လည်း ပျော်စရာကောင်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဟိုးအရင်ကတည်းက သူနဲ့အတူတူ ခရီးတွေသွားရင် သူက အကုန်လုပ်ပြတာ။ တခြားအဆိုတော်တွေ ပုံစံရော အကုန်လုပ်ပြတာဆိုတော့လေ တကယ်တမ်းပြောရရင် မိုင်လေးကဒီ့ထက်ပိုတူအောင်၊ ဒီ့ထက်ပိုရယ်ရတဲ့ အဆိုတော် တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ပိုင်အမူအရာလေးတွေ လုပ်တတ်သေးတယ်။ စင်ပေါ်မှာမို့လို့ သူရှက်ပြီးတော့ အကုန်မလုပ်ပြတာ ဖြစ်လိမ့်မယ်’’ လို့ သူကဆိုပါတယ်။

အမူအရာလေးတွေ အမျိုးမျိုးလုပ်တတ်တဲ့ ရတနာမိုင် နဲ့ ရင်းနှီးခဲ့တာကတော့ ၁၀ နှစ်ကျော်ပြီလို့ ရေဗက္ကာဝင်းက ဆိုပါတယ်။ ခရီးတွေသွားတိုင်းလည်း အဆိုတော် တစ်ယောက်ချင်းစီရဲ့ အမူအရာတွေကို လုပ်ပြတတ်တယ်လို့ ပြောပါတယ်။

‘’ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သူကလုပ်ပြနေတာ။ သူ့ကို စိတ်ဆိုးတာတွေလည်း မရှိဘူး။ ဒါက အပျော်သဘောအနေနဲ့ ဟာသလုပ်ပြတာ ဆိုတော့လေ။ ဒါက နိုင်ငံခြားက TV Show တွေမှာလည်း လုပ်ကြတာမျိုးရှိတယ်လေ။ ဒါက လူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူး။ ပရိသတ်လည်း သဘောကျတယ်၊ ရယ်လည်းရယ်ရတယ်ဆိုတော့ သဘောကျပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: My Lay

ရတနာမိုင်လုပ်ပြတဲ့ အမူအရာလေးတွေက တကယ်ကို သဘောကျစရာကောင်းတယ်လို့ ဆိုပါတယ်။ စိတ်တောင် မဆိုးနိုင်ဘူး ဆိုပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့က Lဆိုင်းဇီရဲ့ မိုးကောင်းကင်ခရီး သီချင်း အခွေ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

‘’ အစ်မက အရမ်းအရယ်သန်တဲ့အထဲမှာပါတယ်။ ရယ်စရာတွေ့ပြီဆိုရင် တွေးတွေးပြီးရယ်တဲ့အထဲမှာပါတယ်။ အဲဒါကြောင့် ကိုယ့် Facebook မှာဆိုရင်လည်း တစ်ချိန်လုံး ရယ်စရာတွေချည်းပဲ Share တတ်တယ်။ မိုင်လေးက စိတ်ဆိုးလား မမ တဲ့။ စိတ်မဆိုးပါဘူးလို့ သဘောကျလွန်းလို့ ချီးကျူးနေတာလို့တောင် ပြန်ပြောခဲ့ပါသေးတယ်’’ လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ အဆိုတော်ရေဗက္ကာဝင်းက Maka ဆိုတဲ့ တစ်ကိုယ်ေ တာ်အခွေကို ကချင်ဘာသာစကားနဲ့ သီဆိုကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြန့်ချိခဲ့ပါတယ်။ မြန်မာဘာသာစကားနဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရေဗက္ကာဝင်းဟာ အဆိုတော် L ခွန်းရီရဲ့ တူမတစ်ဦးဖြစ်ပြီး အဆိုတော် L လွန်းဝါ၊ L ဆိုင်းဇီ တို့နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူပါ။




ဆက်စပ်အကြောင်းအရာများ


က္က