မိုးတွင်းမှာ စတင်ရိုက်ကူးမယ်တဲ့။

ဆရာမြို့တော်မောင်ယဉ်အောင်ရဲ့ ဂန္တဝင်ဇာတ်လမ်းဖြစ်တဲ့ မိုင်းမောဧကရီကို သိန်းငါးထောင်နဲ့ ခုနှစ်ထောင်ကြား အကုန်ကျခံပြီး ရိုုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းမှာ ဖြစ်ပြီး တခမ်းတနားနဲ့ သေချာရိုုက်ပြမယ်လို့ ဆိုပါတယ်။

 

ဇာတ်သဘင်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ဇာတ်မင်းသား ဖိုးချစ်က အနော်ရထာမင်းနဲ့ ရှမ်းမင်းသမီး စောမွန်လှအကြောင်းကို သိန်း(၅၀၀၀)နဲ့ (၇၀၀၀)နီးပါး အသုံးပြုကာ ကုန်ကျခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ အဲဒီဇာတ်ကားမှာ တိုင်းရင်းသား ချစ်ကြည်ရေးတွေလည်း ပါဝင်သွားမယ်လို့ ဖိုးချစ်က ပြောပါတယ်။

“အနော်ရထာမင်းနဲ့ စောမွန်လှအကြောင်းကို ရိုက်မှာပါ။ တိုင်းရင်းသား ချစ်ကြည်ရေးတွေလည်း ပါတယ်။တခမ်းတနား သေချာရိုက်ပြ သွားမှာပါ။ ဆရာအနေနဲ့ ဒီဇာတ်ကို မွေးထားတာ ကြာပြီ။ ဆရာရိုက်ပေးချင်ကြတာလည်း ကြာပြီ။ အစတုန်းက အယူအဆင်အမှားတွေအားလုံးကို ချေဖျက်မယ်။ ဆရာပြောတာကို ကျွန်တော်ပြန်ပြောပြတာပါ” လို့ ဖိုးချစ်က ဧပြီလ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

မိုင်းမောဧကရီကို ယခုနှစ် မိုးတွင်းပိုင်းမှာ စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကားတစ်ကားရိုက်ပြီဆိုရင် ဖြစ်ဖို့လိုသလို ကြည့်တဲ့သူပရိသတ်တွေအတွက်၊ နိုင်ငံအတွက်နဲ့ အနုပညာအတွက် ထည့်စဉ်းစားရမှာဖြစ်ပြီး ဘာတစ်ခုမှ အကျိုးမရှိဘူးဆိုရင် ဆုံးရှုံးတယ်လို့ ဖိုးချစ်က သူ့ရဲ့ အမြင်လေးကို ပြောပြသွားပါသေးတယ်။ သူ့အနေနဲ့ ယခုလို ငွေကြေး အမြောက်အများ အသုံးပြုပြီး ရိုက်ကူးရခြင်းဟာ ဆရာဖြစ်သူရဲ့ အနုပညာတွေကို သိပ်လိုချင်တာကြောင့်လို့ ဆိုပါတယ်။

“ကျွန်တော့် ဆရာဦးယဉ်အောင်ရဲ့ အနုပညာတွေ သိပ်လိုချင်တာ။ ဆရာမြို့တော် မောင်ယဉ်အောင်လို အနုပညာရှင်မျိုး မြန်မာနိုင်ငံမှာ အင်မတန်ရှားတယ်။ ငွေကြေးအကျိုးအမြတ်ထက် ဆရာဖန်တီးချင်တဲ့ အနုပညာကို ဖန်တီးစေချင်တာ“ လို့ မီဒီယာတွေကို ဆက်လက် ပြောပြသွားပါသေးတယ်။

Photo : ဖိုးချစ်

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။



က္က