မြန်မာနိုင်ငံ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်အပ်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်မယ်လို့ သိရပါတယ်။



Photo : မိုရီဆာကီဝင်း FB

 

ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ အောင်မြင်တဲ့ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေးသံတမန်အဖြစ် မြန်မာနိုင်ငံ၊ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား ဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ကြောင်းနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူက ယခုလို ပြောပြခဲ့ပါတယ်။

Photo : မိုရီဆာကီဝင်း FB

 

"ပြီးခဲ့တဲ့ လက ပြည်ထောင်စု ဝန်ကြီးကနေ မိုရီဆာကီဝင်းဟာ ဟောလိဝုဒ် စတားလည်းဖြစ်တယ် ကမ္ဘာမှာလည်း သူ့ကို လူသိသွားပြီ ပြီးတော့ စတီဗင်စပီးဘာ့ဂ် ကနေပြီးတော့ သူဟာ ရုပ်ရှင်မှာလည်း အရမ်းတော်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း ချီးကျူးစကာ းပြောတယ်။ မြန်မာပြည်အတွက် ဂုဏ်ယူစရာလည်း ကောင်းတယ်။ဂျပန်မှာလည်း သူ့ကို သိလာကြပြီ။ ဒါကြောင့် သူ့ကို မြန်မာနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် ခန့်ရင်ကောင်းမယ်လို့ ညွှန်ကြားလာတဲ့အတွက် ဂျပန်နိုင်ငံမှာ မြန်မာပြည်ခရီးသွားဈေးကွက် မြှင့်တင် ရေးအတွက် PR Officer အဖြစ် ဆောင်ရွက်လျက်ရှိတဲ့  Mr Okuda ကို အဝင်းနဲ့ ချိတ်ပေးပါလို့ အကူအညီတောင်း တဲ့အခါမှာ အဝင်းက ခရီးသွားသံတမန်အဖြစ် ဆောင်ရွက်ဖို့ လက်ခံခဲ့ပါတယ်"လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က Duwun Media သို့ ပြောပြခဲ့ပါတယ်။

မိုရီဆာကီဝင်းကို မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွားဈေးကွက် မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခြင်း အခမ်းအနားကိုလည်း သြဂုတ်လ(၁၈) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံက ပရိသတ်တွေက ချစ်စနိုးနဲ့ အဝင်းလို့ ခေါ်ခြင်းခံရတဲ့ မိုရီဆာကီဝင်းဟာ ဘယ်နေရာရောက်ရောက် မြန်မာနိုင်ငံသား တစ် ယောက်ဖြစ်တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သူပါ။မိုရီဆာကီဝင်းဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ သွားသွား မြန်မာပြည်ဆိုတာ ကို ပြသနိုင်ဖို့၊ မြန်မာပြည်တိုးတက်ဖို့အတွက် သူလုပ်နိုင်တာတွေရှိရင် ဆက်လုပ်သွားဦးမယ်ဆိုတဲ့ စိတ်ကတော့ အမြဲတမ်းရှိတယ်လို့ ဆိုပါတယ်။

ဘယ်အရာတွေ ဆောင်ရွက်သွားမယ်ဆိုတဲ့ အသေးစိပ်ကိုတော့ မပြောပြတတ်ဘူးလို့ အဝင်းက ပြောပါတယ်။

စတီဗင်စပီးဘာ့ဂ်က ကျွန်တော့်အဘိုးလိုပါပဲဆိုတဲ့ မိုရီဆာကီဝင်း 

ဂျပန်နိုင်ငံမှာ PrizmaX ဆိုတဲ့ ဂျပန်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ အောင်မြင်လျှက်ရှိတဲ့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို ဘယ်နိုင်ငံကပဲ ကမ်းလှမ်း ကမ်းလှမ်း သူ့အတွက် အခွင့်အရေးရှိမယ့် အရာတွေဆိုရင်တော့ လက်တွဲဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။

'' ဘယ်နိုင်ငံမှာဆိုတာကို အဓိက မထားဘူး။ ကျွန်တော့်ရဲ့ အိပ်မက်လေးကတော့ ကမ္ဘာကို တစ်ပတ် ပတ်ချင်တယ်။ လူက တစ်ဘဝပဲရှိတာဗျာ နောက်ဘဝက နောက်ဘဝ၊ အရင်ဘဝက အရင်ဘဝ ကျွန်တော်ခံစားနေရတာက အခုဘဝပဲရှိတယ်ဆိုတော့ အခုဘဝမှာ ကမ္ဘာကိုပတ်ချင် တယ်လို့ ကျွန်တော်စဉ်းစားနေတယ်။ ဘယ်နိုင်ငံမဆို ကျွန်တော့်အတွက် Chance ရှိလို့ရှိရင် ကမ်းလှမ်းလာခဲ့ရင်သွားဖို့ အဆင်သင့်ပါပဲ'' လို့ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ Fuji Film မိတ်ဆက်ပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ ဆိုပါတယ်။

Photo : မိုရီဆာကီဝင်း FB

 

မိုရီဆာကီဝင်းဟာ ဇာတိမြေဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ 

အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က