အဖေဆုံးတာ (၁၀)နှစ်ပြည့်တော့မယ်တဲ့။
Ei Ei Myat

အဖေမရှိတော့ပေမယ့် အဖေ့ရဲ့ စကားတွေကို နားထောင်ပြီး ဂီတလောကမှာ အကောင်းဖြစ်အောင် ဆက်ကြိုးစားသွားမယ်လို့ သူမက ဆိုပါတယ်။

 

Photo : ချယ်ရီသင်း

လူငယ်အဆိုတော် ကောင်မလေး ချယ်ရီသင်းကတော့ အခုလို အချိန်တွေမှာ ဖခင်ဖြစ်သူကို အရမ်းသတိရမိတယ်လို့ ဆိုပါတယ်။ အခုလို မိုးဦးကျအချိန်တွေ၊ တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တွေဆိုရင် အဖေ့ကို အရမ်းလွမ်းကြောင်း ယခုလို ရင်ဖွင့်ခဲ့ပါတယ်။

 “မိုးဦးကျတွေ တစ်ယောက်တည်း အထီးကျန်တဲ့အချိန်တွေတွေမှာ အဖေ့ကို ပိုပြီး သတိရတယ်။ အဖေမရှိတော့ဘူး အဖေဆုံးတာ ၁၀နှစ်ပြည့်တော့မယ် မိဘကို ရှိတဲ့ အချိန်မှာ တန်ဖိုးထားပါ။ ချစ်ပေးပါမိဘဆိုတာ အစားထိုးလို့ မရတဲ့အရာဆိုတော့လေ ဖေဖေက ချယ်ရီအတွက် ထာဝရအတွက် ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့အချစ်ဆုံးပါ”လို့ သူမက Duwun ကိုပြောပါတယ်။



Photo : ချယ်ရီသင်း

ချယ်ရီသင်းရဲ့ ဖခင်ဟာ သူမကို အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဖခင်ဖြစ်သူဟာ သူမငယ်စဥ်ကတည်းက ဂီတနဲ့ ပတ်သက်ပြီး ရင်းနှီးအောင် ရှေ့ဆောင်လမ်းပြ လမ်းညွှန်ပေးခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။

“အဖေက ချယ်ရီ့ကို အဆိုတော်အရမ်းဖြစ်စေချင်တာ ။ ချယ်ရီပွဲတွေဘာတွေ သီချင်းသွားဆိုရင် ပရိသတ်တွေ အများကြီးက ချယ်ရီနာမည်အော်နေတဲ့အချိန်တွေဆို အဖေသာ ဒီလိုမျိုးသားမြင်ရင် အရမ်းပီတိဖြစ်နေမှာ ဆိုပြီး တွေးမိတယ်။ဖေဖေရှိတုန်းကဆိုရင်လည်း စင်ပေါ်မှာ ဖေဖေကသီချင်းဆိုတယ် ချယ်ရီတို့ညီမတွေက ကတယ်ပေ့ါ ။ အခုချိန်မှာ အဖေ့ကို ရှိစေချင်တယ်။ဘာပဲ ဖြစ်ဖြစ် အဖေ့စကားနားထောင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆက်ကြိုးစားသွားမှာပါ” လို့ သူမက ဆိုပါတယ်။


Photo : ချယ်ရီသင်း

ချယ်ရီသင်းကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ Duwun ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

ချယ်ရီးသင်းကိုတော့ ‘’ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်’’ ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း အဲဒီသီချင်းနဲ့ပဲ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


က္က