နှစ်ယောက်သားက စကားမပြောခဲ့ကြတာတောင်ရှိတယ်။
Sabal Thwin

သရုပ်ဆောင် အေးအေးခိုင်ကတော့ ငယ်ငယ်တုန်းက မျိုးမျိုးခိုင်နဲ့ အတူတူဇာတ်ကား တွေရိုက်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

အေးအေးခိုင်က ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်နဲ့ စကားမပြောဖြစ်ခဲ့တဲ့ အမှတ်တရတွေရှိတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြတဲ့ အချိန်မှာ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က သူ့ရဲ့ ဇာတ်ကားထဲမှာအတူသရုပ်ဆောင်ခိုင်းခဲ့တာတွေကို Duwun ကနေ ပြောခဲ့ပါတယ်။ 

“မျိုးမျိုးခိုင်ရဲ့ စိတ်က သူနဲ့ မခေါ်ရင် သူများကိုလည်း စကားမပြောရဘူး။ ကလေးစိတ်ပေါ့နော်။ သူ့စိတ်မှာတော့ သူပဲချစ်မယ် သူများ မချစ်ရဘူးဆိုတဲ့ သဘောပေါ့။ တကယ်တော့ ကိုယ်နဲ့သူကလည်း ရန်ဖြစ်ဖူးတာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက အေးသီတာနဲ့ မျိုးမျိုးခိုင်နဲ့ ရန်ဖြစ်ကြတာ။ အစ်မတို့က အကြီးဆိုတော့ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းရတယ်လေ။ မှတ်မှတ်ရရ အစ်မနဲ့သူက စကားမပြောကြပေမယ့် ဇာတ်ကားအတူတူရိုက်ရပြီဆိုရင် နှစ်ယောက်ကို ညီအစ်မလို အရမ်းချစ်ကြဆိုပြီး ဦးမိုးဦးက ခိုင်းတာ။ နေထက်လင်းနဲ့ ရိုက်တဲ့ ဇာတ်ကားမှာတုန်းကလည်း ကိုယ်တွေ နှစ်ယောက်က ရန်ဖြစ်တဲ့အချိန် ဒိန်ချဉ်တွေနဲ့ ပက်ခိုင်းတာလေ။ စတာတောင် ဦးမိုးဦးက အဲဒီလိုတွေ စတာပါဆို” ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo:Myo Myo Khine

အေးအေးခိုင်ဟာ ဇာတ်ပို့သရုပ်ဆောင် မိန်းကလေးထဲမှာ မျိုးမျိုးခိုင်က အငယ်ဆုံးလို့ ဆိုပါတယ်။ စိတ်ရင်းစေတနာကောင်းသူလည်း ဖြစ်သလို ဆိုးလည်း ဆိုးတယ်လို့ စနောက်ပြောပြခဲ့ပါသေးတယ်။

“ အရင်တုန်းကတော့ ဇာတ်ပို့သရုပ်ဆောင်တွေက လူမှ ဘယ်နှယောက်ရှိလို့လဲ လက်ချိုးရေတွက်လို့ေ တာင်ရတယ်။ ငယ်ဂုဏ်လေးတွေကလည်း ရှိနေသေးတော့ မာနတွေရှိကြတာပေါ့နော်။ အဲဒီတုန်းက မျိုးမျိုးခိုင်က အငယ်ဆုံး၊ အဆိုးဆုံးလေးပေါ့။ သူက စိတ်ရင်းကောင်းတယ်၊ သူက လူကိုသာမချစ်တာ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တယ်။ အစ်မကတော့ သူ့ကို ချစ်တယ်။ ငယ်ငယ်တုန်းက သူနဲ့ကိုယ်နဲ့ကလည်း သူစကားမပြောလို့ ကိုယ်လည်း စကားမပြောဘူးပေါ့။ အခုတော့ ဦးကျော်ဟိန်းက ကိုယ်တွေ နှစ်ယောက်ကို ပြန်စကားပြောအောင် ဆွဲစိပေးခဲ့တာလေ” လို့ ဆိုပါတယ်။ 

Photo:Aye Aye Khine

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က