သြဂုတ်လ(၂၄) ရက်နေ့ဆိုရင် ပရိသတ်တွေ ကြည့်ရတော့မှာပါ။

ခါရာကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေ စိတ်ဝင်စားမှုခံနေရတဲ့ မိုးနတ်သား ကာရိုက်တာအကြောင်း ပြောပြလာပါတယ်။ 

Photo: Khara



သြဂုတ်လ (၂၄) ရက်နေ့က စပြီး MNTV ကနေ ထုတ်လွှင့်ပြသသွားမယ့် ရင်ခုန်သံ(၇၄)ရက် ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ခါရာကို"မိုးနတ်သား" ကာရိုက်တာနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ 

ဒီဇာတ်လမ်းတွဲ နမူနာကို ခါရာရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ(၅) ရက်နေ့တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး မိုးနတ်သား ကာရိုက်တာကို ပရိသတ်များစွာက စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီဇာတ်ကောင်အတွက် ခါရာရဲ့ ကြိုးစားအားထုတ်မှုတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီဇာတ်ကောင်ကို သေချာနားလည်အောင်လုပ်တယ်။ ဇာတ်ညွှန်းရေးဆရာ နဲ့ ဒါရိုက်တာ ဖန်တီးချင်တဲ့ ဇာတ်ကောင် အပြင် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာလေးလည်း ထည့်ထားတယ်။ ကိုယ်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဖန်တီးမှုလည်း ပါရမယ်လို့ ခံယူထားတဲ့ အတွက် ဒီဇာတ်ကောင်ကို ပုံဖော်တဲ့နေရာမှာ အတွေးတွေရော၊ သရုပ်ဆောင်မှုတွေရော ထည့်ထားတယ်။ ဒီကာရိုက်တာ အတွက် ရှိန်နေတာ၊ ကြောင်နေတာမျိုးတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Khara

မိုးနတ်သား ကာရိုက်တာမှာတော့ ခါရာဟာ နတ်သားတစ်ပါးလို ဝတ်စုံအပြည့် ဝတ်ဆင်ထားတာ ဖြစ်ပြီး သူနဲ့လည်း အရမ်းလိုက်ဖက်တာကို တွေ့ရမှာပါ။ ခါရာ ကိုယ်တိုင်ကလည်း မိုးနတ်သား ကာရိုက်တာက သူ့အတွက် ထူးခြားမှုတွေရှိတယ်လို့ ဆိုလာပါတယ်။ 

“ ဒီကာရိုက်တာက သူ့ရဲ့ ထူးခြားမှုတွေရှိတယ်။ မိုးနတ်သားကာရိုက်တာ ဖြစ်တာကြောင့် လူတစ်ယောက်လို သွားနေလို့ကလည်း မရဘူး။ ဒါကြောင့် လမ်းလျှောက်ပုံ၊ စကားပြောပုံတွေက အစပေါ့နော်။ လမ်းလျှောက်တာကလည်း ပုံမှန် ကျွန်တော် လမ်းလျှောက်နေတာနဲ့ မတူဘူး။ ရိုက်ကွင်းပေါ်မှာတောင်မှ ကျွန်တော် လမ်းလျှောက်ရင် ကာရိုက်တာထဲက မိုးနတ်သားလို လမ်းလျှောက်တဲ့ ပုံစံမျိုးပဲ လျှောက်နေမိတာ။ မိုးနတ်သား ရဲ့ လမ်းလျှောက်မှု ပုံစံတွေကို ပရိသတ်က ထူးထူးခြားခြား မြင်တွေ့ရဦးမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khara

ရင်ခုန်သံ(၇၄) ရက် ရုပ်သံဇာတ်လမ်းတွဲကို သြဂုတ်လ(၂၄) ရက်နေ့ကစပြီး MNTV Channel မှာ ထုတ်လွှင့်ပြသသွားမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် မေဘရဏီက ပုံဖော်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ခါရာ၊ မိုးယံဇွန်၊ ထက်ဦးထွဋ်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင် နဲ့ မေသူထွန်း တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်အားပေးခြင်းကို ခံခဲ့ရသူပါ။ အခုချိန်မှာတော့ ခါရာပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲ တွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က