မိုးယက ဒုတိယကိုယ်ဝန်လွယ်ထားရပါပြီ။
Ei Ei Myat

 သရုပ်ဆောင် သဥ္ဇာနွယ်ဝင်းက ဒုတိယကိုယ်ဝန်လွယ်ထားနေရပြီ ဖြစ်တဲ့ သူငယ်ချင်းမိုးယုအတွက် ဆုတောင်းစကားလေး ပြောခဲ့တာပါ။

 

Photo : my Dream

မိုးယုစံနဲ့သဥ္ဇာနွယ်ဝင်းတို့က သားလေးတွေ ကျောင်းတတ်တိုင်း သူငယ်ချင်း နှစ်ယောက် အတူတူ ဆုံဖြစ်ကြပေမယ့် အခုနောက်ပိုင်း ကိုဗစ်ကာလမှာတော့ သိပ်မဆုံဖြစ်‌တော့ဘူးလို့ သဥ္ဇာက ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကလေးတွေကိစ္စလေးတွေ အမြဲတမ်း ပြောဖြစ်နေကြသလို မိုးယုဒုတိယ ကိုယ်ဝန်လွယ်ထားတဲ့ အချိန်မှာလည်း သမီးလေး လိုချင်တဲ့အကြောင်း သဥ္ဇာ့ကို ပြောဖြစ်တယ်လို့ သိရပါတယ်။

“သူက သဥ္ဇာကိုယ်ဝန်စရှိတဲ့အချိန်မှာ ပြောတာ သူလည်းနောက်တစ်ယောက်လိုချင်တယ်။ အခုသူကိုယ် ဝန်ရှိပြီဆိုတော့ သူက မိန်းကလေး လိုချင်တာ မိန်းကလေး ရပါစေလို့ ဆုတောင်းပေးပါတယ်။သားမွေးရင်လည်း သူ့မှာလည်း သားတစ်ယောက်ရှိပြီးသားဆိုတော့ နှစ်ယောက်အတူတူ ‌ဆော့ဖို အဖော်ရတာပေ့ါ သားနှစ်ယောက်ဆိုတော့ အားပိုရှိတာပေ့ါ”လို့ သူငယ်ချင်းအတွက် သဥ္ဇာက ဆုတောင်းပေးခဲ့ပါတယ်။


မိုးယုအနေနဲ့ သဥ္ဇာထက် ကလေးတွေကို ပြုစုတဲ့နေရာမှာ ပိုပြီး နားလည်တာကြောင့် သိပ်ပြီး အကြံဥာဏ် ပေးစရာတောင် မလိုဘူးလို့ ဆိုပါတယ်။

“ သူက သဥ္ဇာထက် ပိုပြီးနားလည်တယ် ကလေးဖြည့်စွက်စာဆိုလည်း သူ့သားလေးအတွက် သေချာ စိတ် ရှည်ရှည်နဲ့လုပ်ပေးတယ်။သူကပဲ သဥ္ဇာကို ပြောပြခဲ့ရတာ သဥ္ဇာက ကလေးနှစ်ယောက်အမေသာ ဖြစ်သွားတာ သူက ပိုပြီးနားလည်တယ်ဆိုတော့ သူ့ကို အကြံပေးစရာတောင် မလိုလောက်ဘူးထင်တယ်”လို့ သူမက Duwun ကို ပြောပြခဲ့ပါတယ်။

 

Photo : thinzar nwe win

အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်း ဟာ သားတစ်ယောက်၊ သမီးတစ်ယောက်ပိုင်ဆိုင်ထားပါပြီ။ ရင်သွေးလေး (၃) ယောက်ယူဖို့ ဆုံးဖြတ်ထားပေမယ့် သားနဲ့ သမီးနဲ့ ပြည့်စုံနေပြီလို့ သူကဆိုပါတယ်။

“ သမီးလေး မမွေးခင်တုန်းကတော့ (၃) ယောက်ယူဖို့ စဉ်းစားထားတာ အခုတော့ (၂) ယောက်ပဲ တော်ပြီ။ အခုချိန်မှာ ပိုက်ဆံရှာရလည်း ခက်တယ်။ ကလေးကျောင်းစာရိတ်ကလည်း အရမ်းကြီးတာ။ ကလေးမွေးပြီးရင် ကျောင်းထားဖို့တင်မကဘူး သူတို့ လိုချင်တာတွေလည်း ဝယ်ပေးရတယ်။ အမေဆိုတော့ မဝယ်ပေးနိုင်ရင်လည်း စိတ်မကောင်းဘူး။ အဲဒါကြောင့် ကလေး(၂) ယောက်ပဲ ယူတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”လို့ ဆက်လက် ပြောပြလာပါတယ်။ 


ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ 


Author


က္က