အရင်တုန်းကတော့ အရမ်းပင်ပန်းခဲ့တယ်။

အိမ့်ချစ်ဟာ မိဘ နှစ်ပါးအပေါ်ထားတဲ့ သူမရဲ့ အချစ်တွေကတော့ ပိုတာလိုတာမရှိဘူးလို့ဆိုပါတယ်။ မိဘနှစ်ပါးရဲ့ ခံစားချက်ကိုလည်း သားသမီးတစ်ယောက်အနေနဲ့အခုချိန်မှသာ နားလည်ပေးနိုင်ခဲ့ပါတယ်တဲ့။

Photo: Eaint Chit



အိမ့်ချစ်က မိသားစုနဲ့ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာပါတယ်။ ကွဲကွာနေတဲ့ မိဘ တွေရဲ့ ခံစားချက်ကို နားမလည်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’မိဘ နှစ်ပါးမှာလည်း သူတို့ရဲ့ အမှန်နဲ့ သူတို့ရဲ့ အမှားဆိုတာ ရှိမှာပဲ။ ကိုယ်က ဒါကို ငယ်ငယ်တုန်းကတော့ အရမ်းဝေဖန်၊ အရမ်းဝင်ပြောမိတယ်။ အမေက ဘာဖြစ်တယ်၊ အဖေက ဘာဖြစ်တယ်၊ အမေကလည်း မှားနေတာကို၊ အဖေကလည်း မှားနေတာပေါ့။ အမေလည်းမှန်တယ်၊ အဖေလည်း မှန်တယ်ပေါ့။ ကြီးလာတော့ ဝင်မပြောတော့ဘူး။ သူတို့မှာလေ သူတို့အတွေးနဲ့ သူတို့အမြင်နဲ့ရှိတယ်ဆိုတာ ကိုယ်လည်း ဒီအရွယ်ရောက်လာမှ သိတာ’’ လို့ သူကဆိုပါတယ်။

Photo: Eaint Chit

သူမဟာ မိဘနှစ်ပါးစလုံးကိုလည်း အရမ်းကို ချစ်တတ်တဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ မိဘတွေကြားမှာ ပင်ပန်းခဲ့ရတဲ့ အချိန်တွေလည်းရှိတယ်လို့ အိမ့်ချစ်က ပြောပါတယ်။

‘’ ဒီလူနှစ်ယောက်ရဲ့ ကြားထဲမှာနေရတာတော့ ပင်ပန်းတာပေါ့နော်။ နှစ်ယောက်စလုံးကလည်း ကိုယ့်ကို ချစ်တဲ့လူဖြစ်နေတယ်။ နှစ်ယောက်စလုံးကလည်း သူတို့ကိုပဲ ချစ်စေချင်တယ်။ အဲဒီတော့ ကိုယ်က ကုလားဖန်ထိုးတတ်ရတာပေါ့။ အမေအရှေ့ရောက်တော့လည်း အမေ့ကိုချစ်တယ်၊ အမေ့ကို အချစ်ဆုံး။ အဖေရှေ့ရောက်တော့လည်း အဖေ့ကို ချစ်တယ်၊ အဖေ့ကို အချစ်ဆုံး။ အဲဒီလိုမနေတတ်ခင်တုန်းကတော့ အရမ်းပင်ပန်းတာပေါ့။ အသက် ၂၈ နှစ် ၃၀ နားကပ်မှ နားလည်နိုင်တာပါ’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။

Photo: Eaint Chit

အိမ့်ချစ်ရဲ့ ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်းကတော့ နောက်ထပ်အိမ်ထောင်တစ်ခုနဲ့ သားသမီးတွေရှိပါတယ်။ ဒီ ကလေးတွေ အပေါ် အိမ့်ချစ်ရဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပြန်ပါတယ်။

‘’ မိသားစုကိစ္စကတော့ အပြင်လူတွေ သိပ်သိအောင်လို့တော့ ထုတ်မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် ကလေးတွေဆိုတာ အပြစ်မဲ့တယ်လေ နော်။ အပြစ်မရှိတဲ့ကလေးတွေ၊ ဒီကလေးတွေက ဘာမှလုပ်တာမှ မဟုတ်တာ။ အရာအားလုံးကို လူကြီးတွေက လုပ်တာ၊ လူကြီးတွေက ဖန်တီးတာ။ အပြစ်ရှိရင်တောင်မှ လူကြီးတွေမှာပဲရှိတယ်၊ ကလေးတွေမှာတော့ မရှိဘူးလို့ အိမ့်ချစ်က ပြောချင်တယ်’’ လို့ဆိုပါတယ်။

Photo: Eaint Chit

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာတော့ သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲလေး လုပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က