လေပြေသွေးက ဘန်ကောက်မှာ ကျောင်းသွားတက်မယ်လို့ သိရပါတယ်။
Sabal Thwin

မင်းမော်ကွန်းက နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် သမီးလေးအတွက် အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။ လေပြေသွေးကတော့ ပြည်ပမှာ ၄ နှစ်အကြာ ကျောင်းသွားတက်မယ်လို့ သိရပါတယ်။

Photo: Kyaw Kyaw Htay Lwin

သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်သူ လေပြေသွေးကတော့ သိပ်မကြာခင် နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့တော့ ၄ နှစ်ကြာ ဝေးကွာရဦးမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဇာတ်ကားတွေကတော့ မရိုက်ဖြစ်တော့ဘူး ဒီလ(သြဂုတ်လ) ၃၀ ရက်နေ့ ကျောင်းသွားတက်ဖို့ရှိလို့ပါ။ ညီမကတော့ သွားမယ်ဆိုရင် နောက် ၄ နှစ်ကြာတော့မှ ပြန်လာဖြစ်မှာပေါ့နော်။ အဲဒီကျတော့မှ ကိုယ်ဝါသနာပါရင် ပါသလို လုပ်သွားပါမယ်။ နီးနီးနားနား ဘန်ကောက်မှာပဲ ကျောင်းသွားတက်မှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Kyaw Htay Lwin

အဲဒီနောက် ဖခင်ဖြစ်သူ မင်းမော်ကွန်းကလည်း သမီးငယ်ကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းကြောင်းကို မိဘတစ်ယောက်အနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်က အဓိက ဖြစ်စေချင်တယ်ဆိုတာထက်ကို သူတို့ရွေးချယ်တဲ့လမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးတာပေါ့နော်။ ဒီလမ်းကြောင်းဆိုလည်း သူ့ဘာသာသူ ရွေးတာပဲ။ သူ ဘယ်တက္ကသိုလ်ကို တက်မယ်၊ ဘာတွေလိုတယ်၊ အဲဒီမှာတက်ပြီးရင် သူဘာဘွဲ့လိုချင်တယ်၊ ပြီးရင် ဘာအလုပ်လုပ်မယ်ဆိုပြီးတော့ သူ့ Plan ရှိပြီးသား။ သူ လျှောက်တဲ့လမ်းကို ကျွန်တော်က ပံ့ပိုးပေးတာပါ’’ လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Htay Lwin

သမီးဖြစ်သူ လေပြေသွေးဟာ လက်ရှိမှာ ပညာရေးကို အဓိက ရွေးချယ်ခဲ့တဲ့အပေါ် မင်းမော်ကွန်းရဲ့ ဆန္ဒကို အခုလို ပြောပြခဲ့ပါတယ်။

‘’ အခုသူက ပညာရေးကို ရွေးချယ်သွားတဲ့အတွက် ကျွန်တော်တို့က အဲဒါကို Support လုပ်ပေးတာပေါ့။ တကယ်လို့ သူ သရုပ်ဆောင်တာကို ရွေးချယ်ခဲ့ရင်လည်း ကျွန်တော်တို့က ဝိုင်းပြီးတော့ Support လုပ်ပေးမှာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့ညက ‘’ဂျင်ပါတီ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyaw Kyaw Htay Lwin

မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က