ဒီအခြေအနေလေးကို ဆက်ထိန်းထားစေချင်တယ်။

ချာလီကတော့ မထက်ရဲ့ အချစ်ရေး ခိုင်မြဲစေချင်တယ်လို့ဆိုပါတယ်။ စနောက် နေတယ်လို့ ထင်ခဲ့တာလို့ သူက ပြောပါတယ်။ 

ချာလီကတော့ ချစ်သူကို အလင်းပြလိုက်တဲ့ မိတ်ကပ် မထက်ကြောင့် အရမ်းကို အံ့သြခဲ့ရတယ်လို့ဆိုပါတယ်။ မထက်ရဲ့ ချစ်သူကိုလည်း အပြင်မှာတွေ့ဖူးတဲ့အကြောင်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 



“ မထက်နဲ့ တွဲနေတဲ့ ညီလေးကိုလည်း Model Show တစ်ခုမှာ ဆုံဖူးတယ်။ အရပ်အမောင်းရော၊ ခန္ဓာကိုယ်ရော အရမ်းမိုက်တော့ Model လောကထဲမှာ ကြိုဆိုသင့်တဲ့ သူတစ်ယောက်ပဲပေါ့။ သူ့ကိုလည်း ကျွန်တော်တို့ အများကြီး မျှော်လင့်ထားတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်ယောက်နဲ့ မထက်နဲ့ဆိုတော့ ပိုပြီးတော့ ကျေနပ်ပါတယ်။ မထက်က စိတ်သဘောထားလည်းကောင်းတယ်။ လက်ရှိ အခြေအနေလေးကို ဆက်ပြီးတော့ ထိန်းထားစေချင်ပါတယ်" လို့ ဆိုပါတယ်။ 

Photo: Ma Htet

မထက်ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး မကြာခဏ စတတ်၊ နောက်တတ်တယ်လို့ ချာလီက ပြောပါတယ်။ ချာလီကိုယ်တိုင်ကလည်း မထက်တစ်ယောက် ဘားတစ်ခုမှာ ချစ်သူကို ဖက်ပြီး ကနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။  

“မထက်က သူ့ကောင်လေးကို အလင်းပြလိုက်တာ ကျွန်တော် သေချာမသိလိုက်ဘူး။ နောက်တော့မှ Story တစ်ခုမှာ မထက်က ဖက်ပြီးကနေတာကိုတွေ့တော့ ရှော့ခ်ဖြစ်သွားတယ်။ သူ Post တင်တာကိုလည်း နောက်နေတယ်လို့ပဲ ထင်ထားတာ။ အခါတိုင်းလည်း စနေကြဆိုတော့လေ။ Comment တွေ ကြည့်တော့လည်း မထက်က စွမ်းလိုက်တာတို့ ဘာတို့ရေးထားတော့။ ဘာပဲဖြစ်ဖြစ် မထက်ကတော့ မထက်ပါပဲ" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က Dr.Face ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: charli

ချာလီဟာ အစ်မ တစ်ယောက်လို ချစ်ခင်ရတဲ့ မထက်ရဲ့ အချစ်ရေးကို ခိုင်မြဲစေချင်တယ်လို့ ဆိုပါတယ်။ ခေတ်မီတိုးတက်နေတဲ့ ကာလဖြစ်တာကြောင့် ဝေဖန်မှုကတော့ အနည်းနဲ့အများရှိလာနိုင်တယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ ဝေဖန်တဲ့သူတွေတော့ ရှိလာမှာပဲ။ ဒါပေမယ့် LGBT လောကသားတွေတော့ မရှိလောက်ဘူး။ အခုနောက်ပိုင်းမှာတော့ တော်တော်လေးလည်း အမြင်ကျယ်လာကြပြီ၊ တော်တော်လေးလည်း သိလာကြပြီဆိုတော့ သူတို့အနေနဲ့ ဒါကို နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ဝေဖန်တဲ့ သူတွေလည်း နည်းကောင်း နည်းသွားမယ်” လို့ သူကဆိုပါတယ်။ 

Photo: Ma Htet

အရင်တုန်းကလည်း သူမနဲ့ နာမည်ကျော် မင်းသားတစ်ယောက် တို့ ချစ်သူတွေ ဖြစ်နေကြတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ မထက်ဟာ ချစ်သူရှိတယ်လို့ပြောထားပေမယ့် ဘယ်သူ၊ ဘယ်ဝါဆိုတာကို ထုတ်ဖော်ပြသလေ့မရှိပါဘူး။ သူမ ဟာမြန်မာနိုင်ငံမှာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ မထက်ကတော့ သူမရဲ့ ချစ်သူကောင်လေးနဲ့ ဓာတ်ပုံတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က