အခုတော့ သက်သာနေပါပြီတဲ့။

အလင်းရောင်က သူ့ရဲ့ မျက်စိဒဏ်ရာကြောင့် ပရိသတ်တွေကို စိတ်ပူစေခဲ့တဲ့အပေါ် တောင်းပန်စကားဆိုခဲ့ပါတယ်။ အခုလည်း သက်သာနေပါပြီတဲ့။

Photo: A Linn Yaung



အလင်းရောင်ဟာ သူ့ရဲ့ မျက်လုံးဒဏ်ရာကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။ သူဟာ ရိုက်ကွင်းမှာ ထိခိုက်မိတာ မဟုတ်ဘူးလို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော့်မျက်လုံး ဒီအတိုင်းပဲ မတော်တဆ ထိခိုက်မိတာပါ။ ရိုက်ကွင်းမှာဖြစ်တာ မဟုတ်ဘူး အပြင်မှာ ဖြစ်တာပါခင်ဗျ။ သိပ် ထွေထွေထူးထူးမရှိပါဘူး။ ကျွန်တော်အဆင်ပြေပါပြီ။ မျက်လုံးကလည်း သက်သာနေပါပြီ’’ လို့ သူကဆိုပါတယ်။

Photo: RBV

အလင်းရောင်ဟာ ‘’မေတ္တာဦး’’ မျက်စိ ဆေးခန်းမှာ ဆေးခန်းပြနေရတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ် Story မှာ ဇူလိုင်လ ၂၈ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါတယ်။

‘’မျက်လုံးခိုက်မိတာ သက်သာပါတယ်။ ဆေးခတ်ထားရတယ်။ စိတ်ပူစေတဲ့အတွက် တောင်းပန်ပါတယ်။ အခုနည်းနည်း သက်သာနေပါပြီနော်။ Love you All’’ ဆိုပြီးတော့ ရေးသားခဲ့ပါသေးတယ်။

Photo: A Linn Yaung

အလင်းရောင်က အခုချိန်မှာ မိန်းကလေးပရိသတ်အများကြီးရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး တစ်ယောက်ပါ။ မကြာသေးခင်ကလည်း ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး မင်းသမီး အိချောပိုနဲ့အတူ ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ချောင်းသာမှာ သွားရောက်ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘’ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဇူလိုင်လ ၁၆ ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က