သူမရဲ့ တစ်နှစ်တာအတွေ့အကြုံတွေကို ပြောပြလာပါတယ်။
Sabal Thwin

နန်းစန္ဒာလှထွန်းက အနုပညာနဲ့ပတ်သက်လာရင် မလိုက်ဖက်ဘူးလို့ထင်တဲ့ ကာရိုက်တာအတွက် ကြိုးစားချင်တဲ့ စိတ်ရှိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း တစ်နှစ်ပြီးတစ်နှစ် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေကို ရင်ဖွင့်ပြောပြလာပါတယ်။

Photo; Nan Sandar Hla Tun

သရုပ်ဆောင် နန်းစန္ဒာလှထွန်းကတော့ သူမအတွက် နှစ်တစ်နှစ်ဖြတ်သန်းမှုတိုင်းက အကြောင်းအရာအမျိုးမျိုးတွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။

“၂၀၁၉ဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေရှိခဲ့တယ်။ အလုပ်နဲ့ပတ်သက်တာရော၊ Parsonal နဲ့ပတ်သက်တာရော အစုံပါပဲ။ အမြဲတမ်းကောင်းနေတာတော့ ဘယ်ရှိမလဲ၊ အကောင်းအဆိုးက ဒွန်တွဲနေတာဆိုတော့ ဒီနှစ်ထဲမှာ ရသမျိုးစုံ ခံစားခဲ့ရတယ်။ အဲဒီကနေလည်း သင်ခန်းစာတွေလည်း အများကြီးရခဲ့ပါတယ်။ ချစ်သူလည်း မရှိပါဘူး အခုမှ ငယ်ငယ်လေးရှိသေးတာကို” လို့ဆိုပါတယ်။

Photo: Amazing Grace

၂၀၂၀ ခုနှစ်မှာတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားလုပ်ချင်တာတွေရှိတယ်လို့ နန်းစန္ဒာလှထွန်းက ရင်ဖွင့်ပြောပြခဲ့ပါတယ်။

“ ၂၀၂၀မှာ ပိုပြီးတော့ အေးအေးဆေးဆေးဖြစ်တဲ့ ဘဝကို ဖြတ်သန်းချင်တယ်။ အခုလည်း အေးအေးဆေးဆေးပါပဲ။ ပြီးတော့ ကိုယ်နဲ့မလိုက်ဘူးလို့ထင်တဲ့ ကာရိုက်တာမျိုးကို ရိုက်ချင်တယ်။ ညီမလုံးဝ မရိုက်ရသေးတဲ့ ကာရိုက်တာရှိတယ် ဗီလိန် ပုံစံပေါ့။ ဗီလိန် ဆန်ဆန် ကာရိုက်တာမျိုးလေး တွေလည်းရိုက်ချင်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nan Sandar Hla Tun

နန်းစန္ဒာလှထွန်းဟာ သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်နေရတာဖြစ်လို့ ပျော်ပါတယ်တဲ့။ ရည်မှန်းချက်ကြီးတဲ့ သူမအတွက်တော့ အမြဲတမ်းကြိုးစားသွားဦးမှာပါလို့ သူကပြောပါတယ်။

“ သူများက ကိုယ့်ကိုမလိုက်ဘူးလို့ထင်ထားတဲ့ဟာကို ကိုယ်ကပိုကြိုးစားချင်တာ။ ဥပမာ ပုံစံ သမရိုးကျကြီးတော့ သွားလို့မရဘူး။ နန်း ပုံစံက ဗီလိန်ဇာတ်ရုပ်ကြီးနဲ့ မလိုက်ဖက်လို့ ဒီကာရိုက်တာ မရိုက်ရဘူး ဆိုတာမျိုး မဖြစ်ဘူး။ ကိုယ့်ရဲ့ ပုံစံနဲ့လိုက်တဲ့ ဗီလိန်မျိုး ကိုယ်လုပ်လိုက်မယ်။ အဲဒီဟာကို ပြောချင်တာ” လို့ သူကဆိုပါတယ်။

နန်းစန္ဒာလှထွန်းဟာ Miss Myanmar world 2015 2nd Runner up ရရှိထားသူလည်း ဖြစ်ပါတယ်။အခု ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကြိုးစားနေတာဖြစ်သလို စီနီယာကောင်းတွေရဲ့ လက်တွဲခေါ်ယူခြင်းကိုလည်း ခံရတယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ


က္က