ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ဝတ်တာလို့ ဆိုပါတယ်။

Photo: မေမြတ်နိုးဖေ့စ်ဘွတ်

 

သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို အလှမယ်တစ်ယောက်လည်းဖြစ်တဲ့ မေမြတ်နိုးတစ်ယောက် အခုနောက်ပိုင်းမှာ သူနဲ့ မလိုက်ဘူးလို့ ထင်တဲ့ ဖက်ရှင်တွေကို ရွေးဝတ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ဝတ်တဲ့ ဖက်ရှင်မျိုးပါ ဆိုပြီးတော့ မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတာဖြစ်ပါတယ်။

'' အခုလောလောဆယ် ဖက်ရှင်အပိုင်းကတော့ မဝတ်ဖူးတာ၊ ကိုယ်နဲ့မလိုက်ဘူး လို့ထင်တဲ့ ဖက်ရှင်အပိုင်းကို ပိုဝတ်ဖြစ်တယ်။ ဘာကြောင့်လဲ ဆို မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် ကိုယ်နဲ့ မလိုုက်ဘူးထင်တဲ့ ဖက်ရှင်မျိုးကို ဝတ်ဖြစ်တာ များပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မေမြတ်နိုးဖေ့စ်ဘွတ်

နိုင်ငံခြား အေဂျင်စီတစ်ခုနဲ့ အလုပ်လုပ်နေတဲ့ မေမြတ်နိုး 

ဖက်ရှင်အပိုင်းကိုလည်း ပြောင်းလဲ ဝတ်ဆင်နေရုံသာမက မိတ်ကပ်လိမ်းခြယ်မှုတွေမှာလည်း ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပုံဖော်ခြယ်သ ဖြစ်တယ်လို့ ဆိုပါတယ်။

''မိတ်ကပ်ကိုလည်း အခုနောက်ပိုင်း ကိုယ့်ဘာသာကိုယ်လိမ်းတာများပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ပေါ့ ဘယ်ဝတ်စုံက ဘာအရောင်နဲ့ဆို ပိုလိုက်မလည်း အခုခေတ် မိတ်ကပ်ကလည်း လုံးဝ Crazy ဘက်ကို သွားလို့ရတဲ့ အတွက် လိမ်းကြည့်တာပါ။ လုံးဝ ပရော်ဖက်ရှင်နယ် လောက်တော့ မရပါဘူး'' ဆိုပြီးတော့  COACH ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်လာရင်း ဖြေကြားခဲ့ပါတယ်။

Photo: မေမြတ်နိုးဖေ့စ်ဘွတ်

 

ကိုယ်တိုင်လိမ်းတဲ့ မိတ်ကပ်လေးနဲ့ အပြောင်းအလဲလေးလည်းဖြစ်၊ ပရိသတ်တွေကလည်း ဘယ်သူလဲ ဆိုတဲ့ ခံစားချက်လေးတွေကို ရစေချင်တယ်လို့ မေမြတ်နိုးက ပြောပြခဲ့ပါတယ်။

'' မိတ်ကပ် ကိုယ့်ဘာသာကိုယ်လိမ်းဖြစ်တယ် ဆိုတာကလည်း တကယ့်မိတ်ကပ်ပညာရှင်တွေကိုလည်း အလုပ်မရှုပ်စေချင်လို့ပါ။ ပွဲတက်လေး လောက်ဆိုရင် ကိုယ့်ဘာသာကိုယ်လိမ်းလိုက်လည်း ရပါတယ် ဆိုပြီးတော့ အပင်ပန်းစေချင်လို့ပါ။ မိတ်ကပ်ပြောင်း သွားတာကိုလည်း ဒါ ဘယ်သူလည်း ဆိုတာမျိုး ခံစားချက်လေးကို ရောက်ရှိသွားစေချင်တာလည်း ပါပါတယ်၊ ပရိသတ်ကြိုက်ရင်လည်း ကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

Photo: မေမြတ်နိုးဖေ့စ်ဘွတ်

 

သူ့ အနေနဲ့ ကိုယ်တိုင်လိမ်းတဲ့ မိတ်ကပ်အပြင်အဆင်လေးတွေကြောင့် မြင်နေကျပုံစံနဲ့ မတူဘဲ ကွဲပြားလို့နေပါတယ်။ ဒီအပြင်အဆင်ကြောင့် လည်း ပရိသတ်တွေက တအံ့တသြဖြစ်ခဲ့ကြရပါတယ်။ မေမြတ်နိုးဟာ အခုလက်ရှိမှာတော့ 25% ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး နေတာပဲဖြစ်ပါတယ်။ 25% ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားဖြစ်ပြီး ဇာတ်ကားထဲမှာ အကယ်ဒမီလူမင်း၊ နေမျိုးအောင်၊ နေဆန်း၊ ထူးခြား၊ ထက်အောင်ရှိုင်း၊ ရိုရှန်း၊ အောင်မိုးဦး၊ ကျော်နန္ဒအောင်၊ အကယ်ဒမီမေသန်းနု၊ ဆုရှိုင်း၊ ခရစ္စတီးနား၊ မေမြတ်နိုး၊ ထားထက်ထက်၊ ရွှေအိမ်စည်နဲ့ လီလီကျော်ခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က