အသက် ၁၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။

သီဟအောင်ကတော့ မွေးနေ့မှာ တန်ဖိုးကြီး ပစ္စည်းတွေလက်ဆောင်ရလို့ ဝမ်းသာနေပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း ဒီလို လက်ဆောင်တွေ ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

သီဟအောင်ကတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသက် ၁၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနှစ် မွေးနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာတော့ မိဘနှစ်ပါး၊ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူ ရွှေတိဂုံစေတီတော်ကြီးမှာ ကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေက အံ့သြစရာကောင်းလောက်တဲ့ မွေးနေ့လက်ဆောင်တွေ ရခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။



‘’ ဒီနေ့မနက်မှာတော့ သားရဲ့ We Love တွေက မွေးနေ့မှာ သားနဲ့အတူ ဘုရားတက်ချင်တယ်ဆိုလို့ ဘုရားအတူတူဖူးခဲ့ပါတယ်။ မွေးနေ့ မနက်ပိုင်းမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေ ကြုံခဲ့ရပြီးပြီ။ မွေးနေ့လက်ဆောင် အနေနဲ့ကတော့ IPhone 11 ဖုန်းတစ်လုံးနဲ့ I Watch လက်ပတ်နာရီ ရခဲ့တယ်။ ပျော်လွန်းလို့ ပါးစပ်တောင် နားရွက်တက်ချိတ်တော့မယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

သီဟအောင်ရဲ့ မွေးနေ့မှာတော့ We Love Thiha Aung အဖွဲ့သားတွေကလည်း အတူတူ ကုသိုလ်ပြုခဲ့ပါတယ်။ မွေးနေ့လက်ဆောင်ပေးဖို့ကိုလည်း ကြိုတင်ပြင်ဆင်ခဲ့ရတဲ့ အကြောင်းလေးတွေကို ပရိသတ်တွေထဲက တစ်ဦးက ပြောပြခဲ့ပါသေးတယ်။

‘’ မွေးနေ့ Surprise လုပ်ဖို့အတွက် တစ်လလောက်အကြိုကတည်းက ပြင်ဆင်ခဲ့တာပါ။ ပရိသတ်တွေထဲမှာလည်း ကျောင်းသား၊ ကျောင်းသူတွေလည်းပါတယ်။ ရုံးဝန်ထမ်းတွေလည်းပါတယ်ပေါ့နော်။ အားလုံးကလည်း မုန့်ဖိုးလေးတွေ စုဖြစ်ကြတယ်ပေါ့။ သူကလည်း အရမ်း စပ်စုတာ မကြီးတို့ Surprise ဆိုတာ ဘာလဲ သိချင်တယ်ပေါ့။ လာလာမေးရင် ကိုယ်တွေမှာ မနည်းလျှိုထားရတယ်။ သူလည်း အရမ်းပျော်သွားတယ်။’’ လို့ ဆိုပါတယ်။

အဲဒီနောက် အက်ရှင်မင်းသားတစ်ဦးလည်းဖြစ်၊ သီဟအောင်ရဲ့ ဖခင်လည်းဖြစ်တဲ့ ကိုကိုဦးကလည်း သားလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။ သားလေးရဲ့ အမာခံပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’Happy Birthday ပါသားရေ။ ဒီနှစ်မွေးနေ့က ကစပြီးတော့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အနုပညာလမ်းကြောင်းမှာ အခက်အခဲမရှိ အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပါစေ။ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေ။ သူ့ကို အားပေးချစ်ခင်ကြတဲ့ We Love တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သားလေးကို ပြီးခဲ့တဲ့နှစ်တွေတုန်းက မွေးနေ့လုပ်ပေးခဲ့တယ်။ ဒီနှစ်မှာတော့ ဇနီးက နေမကောင်းဖြစ်သွားတော့ ဒီနှစ်မွေးနေ့အတွက် ဘယ်သူ့ကိုမှ အကြောင်းမကြားဖြစ်ဘူး။ ဒါပေမယ့် သူ့ရဲ့ We Love လေးတွေက သတိပေးလို့ လုပ်ပေးဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။

ကိုကိုဦးရဲ့သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ အခုဆိုရင်တော့ သူ့ကို ချစ်ခင် အားပေးတဲ့ အမာခံ ပရိသတ်များစွာကိုလည်း ပိုင်ဆိုင်ခွင့်ရလာပြီဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က