ကိုယ်တိုင်ကလည်း မချေတတ်ဘူး။

အိချောပိုက ပဲ မများတတ်တဲ့ အကျင့်လေးတွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေက မင်းသမီးမဟုတ်တဲ့ မင်းသမီး လို့တောင် ပြောခဲ့ကြတယ်လို့ဆိုပါတယ်။

Photo: Li John

အိချောပိုကိုတော့ လှပတဲ့ ခန္ဓာကိုယ်၊ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ်တွေက တစ်နေ့တခြား ပိုတိုးလာပါတယ်။ သူမဟာ Sexy ဆန်ဆန် ဖက်ရှင်တွေ ဝတ်တာ မရှိသလောက်ပါပဲ။ ဒါကြောင့် သူမရဲ့ ဖက်ရှင်အပေါ် စိတ်ဝင်စားမှုကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ အဲဒီလိုပါပဲ ပြင်ဆင်နေရတာပေါ့။ တစ်ခါတလေကျရင်လည်း အမှားအယွင်းက ရှိမှာပေါ့နော်။ အဲဒါကို ပရိသတ်အမြင်မှာ ကိုးလို့ကန့်လန့် ဖြစ်နေရင်တော့လည်း အပြောခံရမှာပေါ့ ဒါပဲလေနော်။ ကိုးလို့ကန့်လန့် မဖြစ်ဘူးဆိုရင်တော့လည်း အချစ်ခံရမှာပေါ့လေ နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၀ ရက်နေ့က ‘’ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Ei Chaw Po

သဘာဝဆန်တဲ့ ဇာတ်ကားတွေကို အရိုက်များတဲ့ မင်းသမီး အိချောပိုကိုတော့ ပရိသတ်တော်တော်များများက ချစ်ကြပါတယ်။ သူမ ကိုယ်တိုင်ကလည်း ကြီးကျယ်တဲ့ မင်းသမီး မဟုတ်သလို ပဲများတတ်သူ မဟုတ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

‘’ပဲ မများတတ်လို့ပေါ့နော်။ စူ့ ပရိသတ် တချို့ဆိုရင် စူ့ကိုပြောတယ်။ မင်းသမီးမဟုတ်တဲ့ မင်းသမီးတဲ့။ ဘာပြောလိုက်လဲ အစကတော့ နားမလည်ဘူးပေါ့နော်။ အမှန်တော့ မင်းသမီးလို ချေတာမျိုးပေါ့နော်။ အမှန်တော့ တချို့ နေရာမျိုးတွေက နေသင့်ပါတယ်။ စူက အဲဒီလို မနေတတ်တော့ တော်တော်များများ ပရိသတ်တွေက စူ့ကို အဲဒီလိုမျိုး ပြောကြတယ်’’ လို့ သူကဆိုပါတယ်။

Photo: A Linn Young

အိချောပိုက သူ့အပေါ် ကြီးကြီးကျယ်ကျယ် ဆက်ဆံတတ်သူတွေနဲ့ ကြုံဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမဘက်ကတော့ လုံးဝ မေတ္တာ မပျက်ခဲ့ပါဘူးတဲ့။

‘’လူတွေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ကတော့ မတူဘူးပေါ့နော်။ အဲဒီအခါကျရင်တော့ ကိုယ်က အကောင်းဆုံးဖြစ်အောင်လို့ပဲ ပေါင်းသင်းဆက်ဆံပါတယ်။ ကိုယ့်ကို ပိုချေလေ ကိုယ်က အတင်းခေါ်ချင်လေဆိုတော့ နောက်ကျတော့ သူတို့လည်း မချေနိုင်တော့ဘူး ပြန်ခေါ်ရော’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: ဇော်ဂျီ

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကိုအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေအားကျရသလို ဇာတ်ရုပ်တိုင်း အပေါ် သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိချောပိုဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကား၊ အမည်ပေါက်နဲ့ကျူး ရုပ်ရှင်ဇာတ်ကားကြီးတို့ နဲ့လည်း အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပရိသတ်တွေ ထင်ကြေးပေးခံခဲ့ရဖူးပါတယ်။

Share

က္က