loading...

loading...

loading...

ပန်းရောင်ခြယ်ကလည်း ညီမလေးကို ချီးကျူးစကားဆိုခဲ့ပါတယ်။
Sabal Thwin

ပန်းသွန်းခြယ်ကတော့ ပထမဆုံး တစ်ကိုယ်တော်အခွေထွက်ရှိတော့မယ်လို့ သိရပါတယ်။ သူမရဲ့ အစ်မဖြစ်သူ ပန်းရောင်ခြယ်ကိုတော့ မမှီသေးဘူးလို့ ဆိုပါတယ်။ 

Photo: Pan Yaung Chel

ပန်းရောင်ခြယ်ရဲ့ ညီမငယ်လေး ပန်းသွန်းခြယ်ကတော့ တစ်ကိုယ်တော်အခွေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဂီတအလုပ်ကို ဝါသနာပါသူဖြစ်တာကြောင့် အများကြီး ကြိုးစားနေတယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီနှစ်တော့ ပန်းသွန်းရဲ့ Single အခွေ ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ မမကြီးကို မှီဖို့အတွက် အများကြီး ကြိုးစားရဦးမှာပါ။ ညီအစ်မ နှစ်ယောက်စလုံးက သီချင်းဆိုတာကို ငယ်ငယ်ကတည်းကလည်း ဝါသနာပါတယ်။ မမကြီးက ချီးကျူးတယ်ဆိုတာကလည်း ချစ်တဲ့ စိတ်ကြောင့် ချီးကျူးတာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့က “ရွှေမင်းသမီး” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Pan Yaung Chel

ဂီတအလုပ်တွေကို ကြိုးစားလုပ်ကိုင်လာပြီဖြစ်တဲ့ ပန်းသွန်းခြယ် အတွက် အစ်မဖြစ်သူ ပန်းရောင်ခြယ်က ချီးကျူးစကားတွေ ပြောလာပါတယ်။ ဖခင်ဖြစ်သူ ဂရေဟမ်ကို ချစ်ကြတဲ့ ပရိသတ်တွေကြောင့် အခုလို အားပေးကြတာဖြစ်မယ်လို့လည်း သူကပြောပါတယ်။ 

“ ညီမလေးက အရမ်းတော်ပါတယ်။ အခွေအတွက် အရမ်းလည်းကြိုးစားတယ်။ သူ့ရဲ့ စိတ်ထဲကနေ ဝါသနာပါတဲ့ အနုပညာအလုပ်ကို ကြိုးစားပြင်ဆင်နေတာ တွေ့ရတယ်။ အဓိက ကတော့ ဒယ်ဒီ့ကို ချစ်ပေးကြတဲ့ပရိသတ်တွေက ပန်းရောင်တို့ ညီအစ်မ နှစ်ယောက်စလုံးကို ချစ်ပေးကြပါတယ်။ ပန်းရောင်ကို ချစ်တဲ့ ပရိသတ်တွေကလည်း တစ်မိသားစုလုံးကို ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်” လို့ ဆိုလာပါတယ်။ 

Photo: Pan Yaung Chel

ပန်းသွန်းခြယ်ကတော့ အရင်တုန်းက အစ်မဖြစ်သူ ပန်းရောင်ခြယ်လိုပဲ ဆံပင်အရှည်ကြီး ထားတဲ့သူပါ။ အခုတော့ ဆံပင် အတိုလေး ညှပ်လိုက်တာလည်း သူမနဲ့ အရမ်းလိုက်ဖက်တာကို တွေ့ရပါတယ်။ 

“ ဆံပင်ပေးညှပ်ဖို့အတွက် ပြောထားတာတော့ ကြာပါပြီ။ ဒါပေမယ့် ဆံပင်အရှည်သိပ်မထားချင်တော့လို့ ဂုတ်ဝဲ အတိုလေးညှပ်မိရင်းနဲ့ အတိုထားလိုက်တဲ့ ခံစားချက်ကို အရမ်းကြိုက်ပြီးတော့ နောက်ထပ် ထပ်တိုအောင် ညှပ်မိလိုက်တယ်ပေါ့။ ယောကျ်ားလေးပုံစံတော့ မဟုတ်ဘူးပေါ့နော်။” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Pan Yaung Chel

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မ နှစ်ယောက်ဟာ အဆိုတော် ဂရေဟမ် ရဲ့ သမီးလေး နှစ်ယောက်ဖြစ်ပါတယ်။ သူမ တို့ ညီအစ်မ နှစ်ယောက်မှာတော့ ပန်းရောင်ခြယ်ဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပြီး ပညာရေးကိုလည်း သေသေချာချာ ကြိုးစားသင်ယူနေတာဖြစ်ပါတယ်။ သူမဟာ လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ မိန်းမချောလေး တစ်ဦးဖြစ်ပါတယ်။ ပန်းသွန်းခြယ်ကတော့ ဂီတအလုပ်တွေကို ဝါသနာပါပေမယ့်လည်း ပညာရေးကို ပိုဦးစားပေးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က