၄ရက်တိုင်တိုင်ကျင်းပမယ့် Halloween Party မှာဆုံကြမယ်တဲ့။
Sabal Thwin

စိုင်းစိုင်းခမ်းလှိုင်ကတော့ Halloween Party မှာ မမတွေနဲ့လည်း ရှိတ်မယ်၊ ညီမလေးတွေနဲ့လည်း ရှိတ်မယ်လို့ဆိုပါတယ်။ ဒီ ပါတီကိုတော့ ၄ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာပါ။

စိုင်းစိုင်းကတော့ မကြာခင်မှာ ပြုလုပ်ကျင်းပသွားမယ့် Halloween Party အကြောင်းလေးပြောပြလာပါတယ်။ သူကရော ဘယ်သရဲမလေးနဲ့ ရှိတ်မလဲဆိုတာကို မီဒီယာတွေ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့ပါတယ်။

‘’Halloween Party မှာ ကျွန်တော် ဘယ်သူ့ကို ရှိတ်မလဲဆိုတော့ ဂီတအမျိုးအစားကိုလည်း ဘာမဆို နားထောင်တယ်၊ အစားအသောက်ဆိုရင်လည်း များသောအားဖြင့် ဂျပန်စာကြီးပဲ နေ့တိုင်းစားနေတာမဟုတ်ဘူးလေ။ ကုလားစာလည်းစားတယ်၊ တရုတ်စာလည်းစားတယ်ဆိုတော့ ယောက်ျားအားလုံး ကိုယ်စားပါပဲ ဘယ်ယောက်ျားမှ သတ်သတ်မှတ်မှတ် တစ်မျိုးတည်းကို ရှိတ်တယ်ဆိုတာ မရှိပါဘူး။ မမလည်းရှိတ်ပါတယ်။ ညီမလေးလည်းရှိတ်ပါတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် Bunny Phyo ကလည်း Frenzo က ပြုလုပ်မယ့် Halloween Party မှာ သရဲမချောချောလေးတွေကိုမြင်ချင်တယ်လို့ ပြောပါတယ်။

‘’ Halloween မှာ သရဲမ လှလှလေးတွေတော့ မြင်ရမယ်ထင်တာပဲ။ လူသရဲမကိုပြောတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ရှိုးပွဲမရှိရင် သူငယ်ချင်းတွေနဲ့ ဒီလို စားသောက်ဆိုင်မှာရှိတဲ့ Show တွေ၊ Party တွေသွားဖြစ်တယ်။ တစ်ခါတလေ ခရီးသွားရင်းနဲ့ ကြုံရတဲ့ Halloween Party တွေလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ Frenzo Halloween Party ပွဲကို လာတဲ့ ပရိသတ်တွေလည်း အမိုက်စားပြင်ထားတာကို မြင်ချင်ပါတယ်’’ ဆိုပြီးတော့လည်း အောက်တိုဘာလ ၂၀ ရက်နေ့က Halloween Press ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Frenzo အဖွဲ့ကို လွမ်းနေတဲ့ ပရိသတ်တွေဖို့ သတင်းကောင်းတစ်ခုပါပဲ။ အောက်တိုဘာ(၃၁) ရက်နေ့ကနေ နိုဝင်ဘာ(၃) ရက်နေ့အထိ (၄) ရက်တာ ကျင်းပပြုလုပ်မယ့် Wonder Festival Yangon ပွဲတော်ကြီးကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲတော်ကြီးမှာ စိုင်းစိုင်းတို့ Frenzo အဖွဲ့သားများက နိုဝင်ဘာ(၁) ရက်နေ့မှာ Halloween Party ဆိုတဲ့နာမည်နဲ့ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က