ဒီဇာတ်ကားဟာ သားသမီးနဲ့ မိဘ ၊ ချစ်သူတွေကြားက ချစ်ခြင်း မေတ္တာတရား ဖော်ကျူးထားတဲ့ဇာတ်ကားပါ။ ဒီအကြောင်းအရာတွေကို စိုးမြတ်သူဇာ၊ မြင့်မြတ်နဲ့ ရွှေမှုံရတီ တို့က ပရိသတ်ရင်ထဲရောက်အောင် အကောင်းဆုံးကြိုးစားထားကြပါတယ်။

မြင့်မြတ်၊ စိုးမြတ်သူဇာ နဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သစ္စာနန်းတော်’’ရုပ်ရှင်ကားကြီး ကို ဧပြီလ ၁၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာပါ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာနဲ့ ဆုမြတ်နိုးဦးတို့က အမှတ်တရ စကားတွေပြောပြလာပါတယ်။

Photo: သစ္စာနန်းတော်



"သစ္စာနန်းတော် " ရုပ်ရှင်ဇာတ်ကားဟာ သားသမီးနဲ့ မိဘ ၊ ချစ်သူတွေကြားက ချစ်ခြင်း မေတ္တာတရား ကို ဒါရိုက်တာ ဝင်းထွန်းထွန်းက လှလှပ ရိုက်ကူးထားပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ထိမိလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကား နမူနာထွက်ရှိလာတဲ့ အချိန်မှာကတည်းက ပရိသတ်တွေရဲ့ အားပေးမှု စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကြီး နှစ်ဆန်း(၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာဟာ ပြည့်တန်ဆာအလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်ထားပြီး ဇာတ်ရှိန်အတက်အကျတွေမှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

‘’ကြိုးစားခဲ့ရတာကတော့ မကြီးလည်း ဒါရိုက်တာခိုင်းတာ လုပ်ခဲ့ရတာချည်းပါပဲ။ တကယ့် ဟဲဗီးSencen ကြီးတွေ ငိုရတဲ့အခါတွေဆိုရင် မျက်ရည်ကျပြီဟေ့ဆိုတာနဲ့ ကဒ်၊ မျက်ရည်က ဘယ်လိုပြန်သွင်းရမယ်မသိ မျက်လုံးကရဲသွားပြန်ပြီ။ ကိုယ့်ကိုမကြိုက်တာ မဟုတ်ဘူး ဘေးပတ်ဝန်းကျင်ပေါ့နော် ကင်မရာက ဘာဖြစ်သွားလို့၊ ဟိုဘေးက ဘာဖြစ်သွားလို့၊ အရိပ်က ပါလာလို့ ကဒ်၊ တကယ်လည်းရိုက်ရော မျက်လုံးတွေက ရဲရော၊ ဘီလူးတွေကဖြစ်ရော၊ ခဏခဏကြိမ်ဖန်များစွာဆိုတော့ မျက်လုံးတွေက ဘယ်ဒဏ်ခံနိုင်ပါ့မလဲ။ မကြီးတို့က မျက်ရည်အတုလည်းသုံးတယ်၊ အစစ်လည်းကျ ဦးဝင်းထွန်းနဲ့ရိုက်ရင် အရမ်းပင်ပန်းတယ်’’ လို့ ဆိုပါတယ်။ ’’ လို့ သူကဆိုပါတယ်။ 

နောက်ထပ်ပါဝင်သရုပ်ဆောင်ထားသူကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦး ဖြစ်ပါတယ်။ သူမကလည်း သစ္စာနန်းတော် ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်မှာ စိုးမြတ်သူဇာနဲ့ အမှတ်တရ ရှိခဲ့တဲ့ အရာလေးတွေကို ပြန်လည်ပြောပြလာပါတယ်။

‘’အမှတ်တရဆိုရင်တော့ မကြီးနဲ့ သမီးနဲ့ အမြဲငိုရတာအမှတ်တရပဲ။ ဒီကားက တစ်ခါတလေကျရင် ရိုက်လိုက်ရင် တစ် Secen ၊ တစ် Secen ခွဲရိုက်ရတယ်။ ရာသီဥတုက ပူတဲ့အချိန်ပါ။ အဲဒီမှာ အမေနဲ့တွေ့လည်း ဒေါသတွေထွက်၊ ကောင်းစည်သူနဲ့ တွေ့လည်း ဒေါသတွေထွက်၊ ဒါမှမဟုတ်လည်း ငို၊ အဲဒီလိုဟာကတော့ အမြဲတမ်း အမှတ်တရပေါ့နော်’’ လို့ သူကဆိုပါတယ်။

သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဧပြီလ ၁၀ ရက်နေ့ ညက Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အနုပညာလောကထဲက သရုပ်ဆောင်များစွာတို့ကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

ဒရာမာဇာတ်လမ်းအမျိုးအစားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် စိုးမြတ်သူဇာ၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ ကောင်းစည်သူ နဲ့ ဆုမြတ်နိုးဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်) နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က