၈ တန်းကတည်းက အားပေးလာခဲ့ရတာပါတဲ့။

ရှင်မွေလဟာ သူအရမ်းအားပေးတဲ့ သရုပ်ဆောင်မြင့်မြတ်နဲ့သာ အပြင်မှာဆုံခွင့်ရရင် ဘယ်လောက်ထိ အားပေးတယ်ဆိုတဲ့အကြောင်းတွေ ပြောချင်ပါတယ်တဲ့။ မြင့်မြတ်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေကိုလည်း အတုယူရတာတွေရှိတယ်လို့ ဆိုပါတယ်။

Photo: Shin Mwe La



ရှင်မွေလက မြင့်မြတ်နဲ့သာ တွေ့ဆုံခွင့်ရမယ်ဆိုရင် သူ့ရင်ထဲမှာ အပြောချင်ဆုံးစကားတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြင့်မြတ်ကိုတော့ အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးဘူးလို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ 

‘’ကျွန်တော့်ကို ကိုမြင့်မြတ်နဲ့တူတယ်ဆိုပေမယ့် အပြင်မှာတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။ အတူတူရိုက်ခွင့်ရမယ်ဆိုရင်တော့ ဝမ်းသာမှာပါ။ ကျွန်တော် အစ်ကို့ကို အားပေးနေတယ်၊ အစ်ကို့ကို ငယ်ငယ်ကတည်းက ကြိုက်တာလို့ ပြောချင်ပါတယ်’’ လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: Oakkar

သရုပ်ဆောင်မြင့်မြတ်ဆီကနေ အနုပညာနဲ့ ပတ်သက်ပြီး အတုယူဖြစ်တဲ့အကြောင်းကိုလည်း ရှင်မွေလက ပြောပြခဲ့ပါသေးတယ်။

‘’ကိုမြင့်မြတ်ဆိုတာက ဟာသလည်းရတယ်၊ ဒရာမာလည်းရတယ်၊ အခြောက်ဆိုလည်းရတယ်။ အကုန်ရတယ်ပေါ့နော်။ ကာရိုက်တာပေါင်းစုံ လုပ်နိုင်တာလေးတွေကို အားကျတယ်။ အဲဒီလိုဖြစ်အောင် ကျွန်တော် ကြိုးစားမှာပါ။ အဲဒါလေးတွေကိုတော့ အတုယူပါတယ်’’ လို့ Star Awards ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Shin Mwe La

သရုပ်ဆောင်သစ်လေး ရှင်မွေလကိုတော့ အကယ်ဒမီမြင့်မြတ်နဲ့တူတယ်လို့ သူ့ရဲ့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။ သူကိုယ်တိုင်ကလည်း မြင့်မြတ်ကို ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပါလို့ ဆိုပါတယ်။

‘’ကိုမြင့်မြတ်က ကျွန်တော့်ရဲ့ idol ပါ။ ကိုယ့် Idol နဲ့ တူတယ်လို့ ပြောကြတဲ့အတွက်လည်း ကျွန်တော် တကယ် ဝမ်းသာပါတယ်။ ကျွန်တော် ကိုမြင့်မြတ်ရဲ့ ဇာတ်ကားတွေကို ၈ တန်းလောက်ကတည်းက ကြည့်တယ်ဆိုတော့ ကိုယ်က အတုမခိုးဘူးဆိုပေမယ့်လည်း ကိုယ့်ရဲ့ မသိစိတ်က လွှမ်းမိုးမှုလေးတွေဖြစ်နေတာ ထင်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Shin Mwe La

ရှင်မွေလကိုတော့ မြင့်မြတ်နဲ့ တူတဲ့ သရုပ်ဆောင်အသစ်တစ်ယောက်အဖြစ် ပရိသတ်တွေ စိတ်ဝင်တစားရှိလာကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသူပါ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေးပရိသတ်က ပိုများပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က