သရဲကားပါတဲ့။

ညီညီမောင်(စမ်းချောင်း) က မြင့်မြတ်နဲ့အတူ နောက်ထပ် ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူဟာ မင်းသမီးတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါတဲ့။

Photo: Nyi Nyi Maung



ညီညီမောင်(စမ်းချောင်း) က သရုပ်ဆောင်မြင့်မြတ်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ထပ်ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက သရဲ ကားလေးပါလို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ၇ လပိုင်းထဲမှာ ရိုက်မယ့် ဇာတ်ကားကလည်း ကိုမြင့်မြတ်နဲ့ဖြစ်ဖို့များတယ်။ သူရိုက်ပေးမယ်လို့ပြောတယ်။ သရဲကားရိုက်မှာ။ သရဲကြောက်တာာ အရမ်းပေါ့။ ညကတောင် သရဲကားကြည့်နေရင်းနဲ့ တစ်ဝက်ကို မကြည့်တော့ပဲ ပိတ်ပြီး မနက်ကျမှ ဆက်ကြည့်တာ အဲဒီလိုမျိုး သတ္တိရှိတာ’’ လို့ L'Oreal အလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nyi Nyi Maung

ညီညီမောင်(စမ်းချောင်း) ဟာ မြင့်မြတ်နဲ့ အတူ ‘’ကျားကျားကြိုက်ကြိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ မင်းသမီးအလုပ်ကို ဝါသနာပါလို့ မင်းသမီးတွေ အနောက်လိုက်ပြီး မိတ်ကပ်လိမ်း နေတာလို့ ဆိုပါတယ်။

‘’ ၇ လပိုင်း တစ်ကားရှိမယ်၊ ၁ လပိုင်း တစ်ကားရှိမယ်။ စိတ်ဝင်စားတယ်၊ ဝါသနာပါတယ်။ ငယ်ငယ်လေး ကတည်းက မင်းသမီးရူး ရူးနေတာ မင်းသမီးတွေနောက် လိုက်နေတာပေါ့။ အဓိက ကတော့ ကိုယ်လည်း ဝါသနာပါပြီး မင်းသမီးတွေနောက်လိုက်ပြီး ဒီကိစ္စတွေ လုပ်ချင်တယ်။ ဒါပေမယ့် ကန်ပြီးတော့ မရိုက်တော့ဘူးလို့သာပြောတာ ၇ လပိုင်းမှာ တစ်ကားရိုက်ဖို့ရှိတယ်ဆိုတော့ ရိုက်လည်း ရိုက်ချင်လာတယ်။ ဝါသနာပါလာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Nyi Nyi Maung

ညီညီမောင်(စမ်းချောင်း)ဟာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်လိမ်းခြယ်ပေးခဲ့တဲ့ သက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလောကထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေး တွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြားရှိနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ညီညီမောင်(စမ်းချောင်း)တစ်ယောက် အရမ်းကို လှနေတာကို ပရိသတ်တွေ သတိထားမိမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က