သြဂုတ်လအတွင်းမှာ စတင်ရိုက်ကူးတော့မှာပါတဲ့။

ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ ဆုမြတ်နိုးဦးက အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မကြာခဏ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သြဂုတ်လ အတွင်းမှာလည်း သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိပြီး မြင့်မြတ်ရဲ့ ညီမလေး တစ်ယောက်အဖြစ်ပါဝင်သွားမှာပါတဲ့။



 

တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းကာဗာတွေ၊ ဖက်ရှင် ကဏ္ဍတွေ ရိုက်ကူးနေရတဲ့ ဆုမြတ်နိုးဦးက ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ ခက်ခဲတဲ့ အခြေအနေပါလို့ ပြောပြခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်မြင့် မြတ်နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။

'' မြတ်နိုး အခုလက်ရှိမှာ ဖက်ရှင်စာအုပ်လေးတွေရိုက်ဖြစ်နေပါတယ်။ သြဂုတ်လ ဆိုရင်တော့ ဒါရိုက်တာ ဦးဝင်းထွန်းထွန်းနဲ့ ရုပ်ရှင် ဇာတ်ကား ကြီးရိုက်ဖို့ရှိပါတယ်။ မင်းသားကတော့ ကိုမြင့်မြတ်ပါ။ ဇာတ်ညွှန်းကတော့ ညီမလက်ထဲကို မရောက်သေးပါဘူး။ဒါပေမယ့် ကို မြင့်မြတ် ရဲ့ ညီမ နေရာက သရုပ်ဆောင်ရမယ်တဲ့''ပြောပါတယ်။

Photo: Myint Myat & Su Myat Noe Oo (fb)

ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ မကြာခဏ ရိုက်ကူးနေရတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးက ဇူလိုင်လ ၃၀ ရက်နေ့တုန်းကတော့ အသက် ၂၇ နှစ်ပြည့်ခဲ့ပါတယ်။  မွေးနေ့မှာတော့ သူတို့ချစ်ကြတဲ့ We Love လေးတွေနဲ့ အတူ ဘုရားသွားတယ်လို့ ပြောပါတယ်။ မောင်နှမ တွေလို တစ်ရင်းတနှီးရှိကြတဲ့ We Love လေးတွေနဲ့ ဆုမြတ်နိုးဦးရဲ့ ဆက်ဆံ ရေးကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' We Love တွေနဲ့ မြတ်နိုးရဲ့ ဆက်ဆံရေးက မိသားစုလိုရော၊ မောင်နှမတွေလိုဖြစ်နေပြီ။ သူတို့နဲ့ ဆိုရင် မြတ်နိုးအလှူကို တစ်ယောက်က ကျောင်းဖျက်ပြီးလာကြတယ်၊ တစ်ယောက်က ရုံးခွင့်ယူပြီးလာကြတယ်၊ တချို့ကလည်း မင်းလှ ကနေ အထိကိုလာကြတယ်၊ တစ်ယောက် ဆိုရင် သူ့ဆိုင်လေးတောင်ပိတ်ပြီးလာရတာ ဒါတွေကတော့ မြတ်နိုးအတွက် တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တွေပါပဲ''လို့ ဆိုပါတယ်။

ဆုမြတ်နိုးဦးနဲ့ ဆက်ဆံရေးအကြောင်း ပြောလာတဲ့ ကျော်ကျော်  

အနုပညာအလုပ်တွေလည်း အတူတူလုပ်ဖြစ်ကြသလို စီးပွားရေးကိုလည်း အတူတူတွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ အနုပညာအစ်ကို နှစ်ယောက် ဖြစ်တဲ့ ညီထွဋ်ခေါင်နဲ့ ကျော်ကျော် တို့ရဲ့ အမှတ်တရ အကြောင်းတွေကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့က သူ့ရဲ့ မွေးနေ့ အလှူ မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' သူတို့ကလည်း မွေးနေ့မှ မဟုတ်ဘူး၊ တခြားနေ့တွေဆိုရင်လည်း မြတ်နိုးကို ကူညီပေးတယ်၊ မြတ်နိုးအပေါ်မှာလည်း အလိုလိုက်တယ်။ အလျှော့ပေးကြတယ်။ သွားလာ စားသောက်ကြရင်လည်း သူတို့ပဲ ဒိုင်ခံရှင်းကြတာများတယ်။ အမြဲတမ်း ကူညီပေး၊ သင်ပေးကြတဲ့ ဒီ အစ်ကို နှစ်ယောက်ကိုလည်း အမြဲတမ်းကျေးဇူးတင်ပါတယ်'' လို့ ဆိုပါတယ်။

 

သရုပ်ဆောင် ဆုမြတ်နိုးဦးကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆုမြတ်နိုးဦး ရဲ့ အနုပညာသက်တမ်းဟာ ၈ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒီ ၈ နှစ်တာတကာလအတွင်းမှာလည်း သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက် ပြီး တိုးတက်လာတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က