ထွန်းထွန်း၊ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်နဲ့ အနုပညာရှင်များစွာတို့ ပါဝင်ပါတယ်။

ခင်လှိုင်ကတော့ ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲကို ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်အသစ်လေးတွေနဲ့ ဇာတ်လမ်းတွဲရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။  

Photo: Khin Hlaing



ခင်လှိုင်ကတော့ မြန်မာ့ရိုးရာဓလေ့လေးတွေပါတဲ့ ဇာတ်လမ်းတွဲလေး တစ်ခု ရိုက်တော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ တက်သစ်စ လူငယ်သရုပ်ဆောင်လေးတွေကို အဓိကထားရွေးချယ်ပြီး ရိုက်ကူးသွားမှာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မြန်မာ့ရိုးရာဓလေ့လေးတွေ ထည့်ထားတယ်။ ကလေး ဇာတ်လမ်းတွဲဆိုပေမယ့် လူကြီးတွေ အနေနဲ့ကလည်း သူတို့ ဘယ်လောက် အားထည့် ထားသလဲဆိုတာ သိသာမှာပါ။ ကိုယ်မသိတာလေးတွေရှိရင် You Tube ကနေ ရှာတယ်။ ဆရာကြီး ဇဝနရဲ့ ဝတ္ထုဖြစ်တဲ့အတွက် တော်တော်လေးလည်း တာဝန်ကြီးပါတယ်။ အခုက အရှိန်လည်း အသားကုန်တင်နေရတဲ့ အချိန်၊ ပြီးတော့ ဇာတ်လမ်းတွဲကလည်း တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမယ့် ဇာတ်လမ်းတွဲ တစ်ပိုင်းစီ၊ တစ်ပိုင်းစီက ချိတ်ထားတာ မဟုတ်ဘူး” လို့ ဆိုပါတယ်။  

Photo: Khin Hlaing

ဇာတ်လမ်းတွဲ နာမည်ကိုတော့ “ဆိုးပေ” လို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။ 

Photo: Khin Hlaing

ဆိုးပေ ဇာတ်လမ်းတွဲလေး ပုံဖော်ရိုက်ကူးမယ့် အကြောင်းကိုလည်း ဒါရိုက်တာ ခင်လှိုင်က အခုလို ပြောပြလာပါတယ်။ စာရေးဆရာကြီး ဇဝန ရဲ့ ဝတ္ထုတွေထဲက ကောက်နုတ်တင်ပြထားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ ဒီဇာတ်လမ်းတွဲထဲမှာ ကျီးမနိုးပွဲ နဲ့ ပတ်သက်တာလေးတွေ ထည့်ထားတယ်။ ကျီးမနိုးပွဲ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို သိတဲ့သူ နည်းတဲ့အတွက် ဒီအကြောင်းလေးကို ထည့်သွားမယ်။ ပြီးတော့ ခြင်းကျားပုံပြင်ပါမယ်။ ဆရာကြီးဇဝနရဲ့ ဝတ္ထုတွေထဲမှာ တချို့ဟာလေးတွေက ပြန်ရိုက်ဖို့ ခက်တယ်။ ဒါကြောင့် တိရစ္ဆာန်ပါတဲ့ ဟာလေးတွေဆို ဦးခင်လှိုင်ဖြုတ်တယ်။ ဆရာကြီးရဲ့ မိသားစုကိုလည်း ကြိုပြီးတော့ တောင်းပန်ထားပါတယ်။ ဒီဘက်ခေတ်ပုံစံ နယ်မြို့လေးတွေအဖြစ် ပြောင်းထားတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က