ဇာတ်ညွှန်းကတော့ ရေးနေတုန်းပါပဲ။

ဇဏ်ခီကတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးနေပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားကတော့ မြန်မာပြည်မှာရှိတဲ့ အမှုတော်တော်များများရဲ့ အကြောင်းကို ရေးသားထားတာပါတဲ့။

Photo: Zenn Kyi



ဇဏ်ခီကတော့ ဇာတ်ညွှန်းအသစ်တစ်ပုဒ်ရေးနေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ညွှန်းကိုတော့ ဇာတ်လမ်းတွဲ (သို့မဟုတ်) ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“P.I.T ဆိုပြီးတော့ ပြောထားဖူးတယ်။ Private Investigation Team ဆိုပြီးတော့ အလွတ်စုံထောက်တွေဖွဲ့ပြီးတော့ မြန်မာပြည်မှာပဲရှိတဲ့ အမှုတော်တော်များများကို ဇာတ်တည်ပြီးတော့ ရိုက်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့် ရေးလည်းရေးနေတုန်းပါ။ TV Series ကနေ အခု ရုပ်ရှင်ဘက်ပြောင်းမလားလို့ ပြန်ပြီးတွေးနေကြတယ်’’ လို့ ဆိုပါတယ်။

Photo: Zenn Kyi

သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းကို ပထမဆုံး စဉ်းစားဖြစ်တာက ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးဖို့ စဉ်းစားထားတာပါလို့ ဇဏ်ခီက ပြောပါတယ်။

“ TV Series ကျတော့ အပိုင်းတွေအများကြီးရိုက်ရတာပါတယ်။ ပြီးတော့ ဘတ်ဂျက်အနေအထား၊ ကိုယ်ရိုက်ပေးရမယ့် Channel ရဲ့ တောင်းဆိုချက်တွေကို လိုက်ရောရမယ့် အချက်တွေ အများကြီးရှိနေတော့ အခု ရုပ်ရှင်အနေနဲ့ ပြန်ရိုက်မလားလို့ စဉ်းစားနေတာပါ။ ဒါပေမယ့် ရိုက်ဖြစ်မှာပါ။ တရားဥပဒေနဲ့လည်း ပတ်သက်တဲ့ဟာတွေလည်းပါတယ်ပေါ့’’ သူကဆိုပါတယ်။

Photo: Zenn Kyi

ပါဝင်ကြမယ့် အနုပညာရှင်တွေကိုလည်း အများကြီး သုံးသွားမယ်လို့ ဇဏ်ခီက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“ ရုပ်ရှင်အနေနဲ့ ပြန်လုပ်မယ်ဆိုရင်တော့ မင်းသားအများကြီးမဟုတ်လောက်တော့ဘူး။ ဇာတ်လမ်းတွဲအနေနဲ့ကတော့ အများကြီး လိုတာပေါ့နော်။ ဒါပေမယ့်လည်း ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ များမှာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က Memory Film Festival ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Zenn Kyi

ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က