မော်ဒယ်မဖြစ်ခင်က အပြင်မှာ ဆုံဖူးတယ်။

ထူးအောင်က မြန်မာပြည်မှာ သူ သဘောကျတဲ့ မင်းသမီးက အကယ်ဒမီ ဖွေးဖွေးဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Bling Bling



ထူးအောင်ကတော့ မြန်မာနိုင်ငံမှာ အကြိုက်ဆုံးမင်းသမီးက အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးဖြစ်တဲ့အကြောင်းပြောလာပါတယ်။ ဖွေးဖွေးရဲ့ စိတ်နေစိတ်ထားကိုလည်း သဘောကျတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ မြန်မာနိုင်ငံမှာ အကြိုက်ဆုံးမင်းသမီးကိုပြောပါဆိုရင် မဖွေးက ထိပ်ဆုံးက ပါပါတယ်။ သူ့ကို အရင်တုန်းကတည်းက ကြိုက်တယ်၊ အခုလည်း ကြိုက်တယ်” လို့ သူကဆိုပါတယ်။ မဖွေးရဲ့ ဟန်မဆောင်တတ်တဲ့ အရာတစ်ခုကို ကျွန်တော်အရမ်းသဘောကျတယ်။ အရှိကိုအရှိအတိုင်းပဲနေတယ်။ အပြင်မှာလည်း မင်းသမီးဆိုပြီးတော့ ကျွန်တော်တို့ ဘာမှမဖြစ်ခင် မော်ဒယ်လ်ဘဝမှာ သူနဲ့ဆုံရင်တောင်မှ ခွဲခြားပြီးဆက်ဆံတာမျိုးမရှိခဲ့ဘူး။ အရမ်းသဘော ကောင်းတယ်။ ဒါကတော့ ကျွန်တော်သဘောကျတဲ့ အချက်တွေပါပဲ” လို့ သူက ပြောပါတယ်။ 

Photo: Bling Bling

ထူးအောင်ကတော့ အခုချိန်ထိ ဖွေးဖွေးနဲ့အတူတွဲပြီး အနုပညာအလုပ်တွေ မလုပ်ရသေးဘူးလို့ သိရပါတယ်။ သူဟာ အခုချိန်မှာ တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ တက်သစ်စ လူငယ် အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo: Amazing Grace

ထူးအောင်ကတော့ မော်ဒယ်စလုပ်နေတဲ့အချိန်မှာ ဖွေးဖွေးနဲ့ အပြင်မှာ ဆုံဖူးတယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေ အတူတူမလုပ်ဖြစ်ပေမယ့် အားကစားတော့ အတူတူလုပ်ဖြစ်တယ်လို့ မတ်လ ၂၁ ရက်နေ့က ကြည့်ရှုခံစား Shwe Series များ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

“ မင်းသမီးထဲမှာ ကျွန်တော် မချင်တဲ့သူက မဖွေးဖွေးကိုပဲ မချင်တာ။ မဖွေးနဲ့ မဆုံတာလည်းကြာပြီလေ။ သူဘယ်လိုပုံစံဖြစ်နေမလဲ ကျွန်တော်လည်း မသိဘူးလေ။ သူက ဝမယ်ဆိုရင် နည်းနည်း ပိုလေးမယ့် အနေအထားမှာရှိတယ်။ မဖွေးနဲ့ အရင်တုန်းက Gym အတူတူ ဆော့ဖူးတယ်။ သူက မစားဘူးဆို တကယ်ကို မစားတဲ့သူမျိုး။ သူက အေးအေးဆေးဆေးပါပဲ ဝိတ်လျှော့လည်း မြန်တယ်။ ဝိတ်တင်လည်းမြန်တယ်" လို့ သူကဆိုပပါတယ်။ 

Photo: Bling Bling

ထူးအောင်ကိုတော့ Model တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာကိုလည်းတွေ့ရပါတယ်။ သူဟာ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာမှ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရသူဖြစ်သလို ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က