ဆုတွေလည်း ရစေချင်တယ်။

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ အနုပညာအလုပ်တွေကို ပြည်ပနိုင်ငံတွေမှာလည်း ထိထိရောက်ရောက် ရှိစေချင်တယ်လို့ ဆိုပါတယ်။ ကိုယ်တစ်ယောက်တည်း ဆိုတာထက် ကိုယ့်နိုင်ငံအတွက်ပါ စဉ်းစားမိခဲ့တယ်လို့ ပြောပါတယ်။ 

Photo: Li John



မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ ဝတ်မှုံရွှေရည်ဟာ နိုင်ငံတကာရဲ့ စင်မြင့်ထက်မှာလည်း ဆုတွေ ရယူခဲ့သူ တစ်ယောက်ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနုပညာအလုပ်တွေကို နိုင်ငံတကာအထိ ထိုးဖောက်စေချင်တဲ့ ဆန္ဒရှိတဲ့အကြောင်းကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ်လုပ်တဲ့ အနုပညာအလုပ်ကို အများကြီး ထိထိရောက်ရောက်ရှိစေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားနိုင်ငံတွေမှာ ပြသခွင့်ရတာမျိုးတွေ၊ ဝင်ပြိုင်ခွင့်ရတာမျိုးတွေပေါ့ ဆုတွေကိုလည်း ကိုယ့်ရုပ်ရှင်မှ မဟုတ်ဘူး တခြားရုပ်ရှင်တွေကိုလည်း ရစေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့ ကိုယ်တစ်ယောက်တည်းအတွက် စဉ်းစားတာ မဟုတ်တော့ဘူး ကိုယ့်နိုင်ငံအတွက်ပါ စဉ်းစားမိတယ်” လို့ ဆိုပါတယ်။ 

Photo: Li John

ဝတ်မှုံရွှေရည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Asian Academy Creative Award မှာ ဇာတ်ပို့ဆုကို ကိုယ်တိုင်ကြေညာပေးဖို့အတွက် အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်နဲ့လည်း မြင်တွေ့ခဲ့ရပါသေးတယ်။ 

“ ကစ်နဲ့ အတူတူ အစီအစဉ်တင်ဆက်တဲ့ သူလည်း အရမ်း စိတ်လှုပ်ရှားနေတာ တွေ့ရတယ်။ ကစ်လည်း အတူတူပါပဲ။ ဒါဟာ ကစ်အတွက် ပထမဆုံး အတွေ့အကြုံပေါ့နော်။ အကောင်းဆုံးတော့ ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီ ဖီလင်ကလေ ဘယ်လိုပြောရမလဲတောင်မသိဘူး ပျော်လည်း ပျော်တယ်။ ရင်လည်းခုန်တယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က ရွှေနန်းတော် ရဲ့ ကျပ်သိန်း(၃၀၀၀) ကံစမ်းမဲရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Li John

ဝတ်မှုံရွှေရည်ဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က