ကမ္ဘာတစ်ဝှမ်းမှာလည်း COVID-19 ကူးစက်ရောဂါကြောင့် စိုးရိမ်မှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။

ဖြူဖြူကျော်သိန်းဟာ COVID-19 ကူးစက်ရောဂါမဖြစ်အောင် လူစုလူဝေးတွေထဲသွားခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့လိုတယ်လို့ ပြောပါတယ်။ 

Photo: Phyu phyu kyaw thein



အဆိုတော် ဖြူဖြူကျော်သိန်းက COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြဖို့ ပြောလာပါတယ်။ တစ်နေ့ တစ်နေ့ လိုင်းကားစီး၊ ရထားစီးရတဲ့ သူတွေ အနေနဲ့ ပိုဂရုစိုက်စေချင်တယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“COVID-19 ရောဂါ လက္ခဏာ ခံစားနေရတဲ့သူတွေနဲ့ တိုက်ရိုက် ထိတွေ့ခြင်းကနေ ရှောင်ကျဉ်ပေးပါ။ လက်ကို မကြာခဏ စင်ကြယ်အောင်ဆေးပါ။ နှာချေ၊ ချောင်းဆိုးရင်လည်း လက်ကို သေသေချာချာလေး အုပ်ပြီးတော့ နှာချေ ချောင်းဆိုးပါ။ တစ်သျှူးသုံးရင်လည်း စနစ်တကျလွှင့်ပစ်ပါ၊ လက်ကိုင်ပုဝါဆိုရင်လည်း သေချာ ပြန်လျှော်ပါ။ ဘတ်စ်ကား၊ ရထားတွေ စီးနင်းနေကြသူတွေကလည်း အထူး ဂရုစိုက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ သူကပြောပါတယ်။ 

Photo: Phyu phyu kyaw thein

မြန်မာနိုင်ငံအတွင်းမှာတော့ COVID-19 ကူးစက်ခံရသူ (၈) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Phyu phyu kyaw thein

အိမ်မွေးတိရစ္ဆာန်ဖြစ်ဖြစ်၊ အပြင် တိရစ္ဆာန်လေးတွေ ဖြစ်ဖြစ် ထိတွေ့ကိုင်တွယ်ခြင်းကိုလည်း အထူး ဂရုစိုက်သင့်တယ်လို့ ဖြူဖြူကျော်သိန်းက ဆက်လက် ပြောပြလာပါတယ်။ 

“ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့မှုကိုလည်း တတ်နိုင်သလောက် နည်းနိုင်သမျှ နည်းအောင် ရှောင်ကျဉ်ကြပါ။ သူတို့နဲ့ ထိတွေ့ပြီးပြီဆိုရင်လည်း လက်ကို စနစ်တကျ စင်စင်ကြယ်ကြယ်ဆေးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ လူစုလူဝေး ရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်စေချင်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကျန်းမာ သက်ရှည်အန္တရာယ်ကင်းစေချင်တယ်” လို့ ဆိုပါတယ်။

Photo: Dior

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က