အပြင်မှာဖြစ်နေတာနဲ့ တလွဲစီပါပဲ။

မင်းရာဇာဟာ ဒီနေ့ ရုံးချိန်းကို တက်ရောက်လာရင်း မတရားမှုတွေ ကြားမှာ စိတ်ဓာတ်တွေလည်း ကျနေမိတယ်လို့ ပြောလာပါတယ်။ 

အိမ်အကူ မိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ ဇူလိုင်(၁၃) ရက်က မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ မင်းရာဇာက ရုံးချိန်းကို တက်ရောက်လာရင်းနဲ့ မတရားမှုတွေ ကြားမှာ အမှန်တရားဆိုတာ ဘာလဲ မသိတော့အောင် စိတ်ဓာတ်ကျနေပြီလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။



 “ မတရားမှုတွေ ကြားမှာ အားမရှိတော့ပါဘူးဗျာ။ စိတ်ဓာတ်လည်း ကျတယ်။ တရားရုံးတွေ၊ အမှုစစ်တွေ၊ ရဲ အရာရှိတွေထက် ပိုပြီးတော့ အရာအားလုံးကို သိနေတဲ့လူတွေ ပြောနေတဲ့အရာတွေ၊ ကျွန်တော့်ကို ကူညီချင်တဲ့လူတွေ ဘယ်သူမှ မရှိတော့လောက်အောင် ဂျာနယ်တွေမှာ ပြောနေတာတွေက တလွဲစီ ဖြစ်နေတယ် ခင်ဗျာ။ ကျွန်တော့်မှာ ပြောဖို့တောင် အားမရှိတော့ပါဘူး။ အမှန်တရားဆိုတာ ဘာလဲ ကျွန်တော် မသိတော့ပါဘူး။ ပြောချင်တာက အခု အပြင်မှာ ဖြစ်နေတာတွေက အကုန်ဆန့်ကျင်ဘက်တွေလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

 မင်းရာဇာဟာ ဇနီးမောင်နှံ နှစ်ယောက်စလုံး အမှုရင်ဆိုင်နေရတဲ့ အချိန်မှာ အပြင်မှာ ကျန်ခဲ့တဲ့ သမီးနဲ့ သားအတွက် စိတ်မကောင်းဖြစ်ရတာတွေကိုလည်း ရင်ဖွင့်လာပါတယ်။ တရားလို မိန်းကလေး ဘက်ကို ယုတ်မာခဲ့ခြင်း မရှိဘူးလို့လည်း တရားရုံး ရုံးချိန်းကို တက်ရောက်ရင်း ဆက်လက်ပြောခဲ့ပါတယ်။

 “ ကျွန်တော့် သားသမီးတွေလည်း အဖေ၊ အမေ မဲ့နေပါပြီ။ လင်မယား နှစ်ယောက်စလုံး အခုလို ဖြစ်နေတဲ့ အတွက် ကလေးတွေလည်း အရမ်းကို ဒုက္ခရောက်နေကြပါပြီ။ သမီးလေးဆိုလည်း ကျောင်းတက်ရတော့မယ်၊ သားလေးဆိုလည်း နေမကောင်းဘူး။ ကျွန်တော့် မိန်းမဆိုလည်း အခု ကိုယ်ဝန် (၅) လထဲ ရောက်နေပြီ။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ မိသားစုဟာ သူတို့အပေါ် အဲဒီလောက်အထိ မယုတ်မာခဲ့ပါဘူး။ ဒီလောက်အထိလည်း အောက်တန်း မကျပါဘူး” လို့ သူက ပြောပါတယ်။

 မင်းရာဇာရဲ့ အမှုအခြေအနေကတော့ တရားလိုဘက်က သက်သေခံ အဖြစ် မင်းရာဇာတို့ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။ အဲဒီနောက် ရုံးချိန်းတွေမှာ မင်းရာဇာ ထွက်ဆိုလာတဲ့ စကားလုံးတိုင်းကို သက်သေအဖြစ် မှတ်ချက်ယူထားတယ်လို့ ဇူလိုင် (၁၀) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။ 

အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က