ပရိသတ်နည်းနည်းမုန်းတာတော့ ခံရမယ်။

ချာလီကတော့ သူ့ရဲ့ Music Video အသစ်အတွက် မင်းသမီးတစ်ယောက်ကို ရှာပုံတော်ဖွင့်နေပါတယ်။ မကြာခင်က ထွက်ရှိခဲ့တဲ့ သီချင်းလေးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: ACT



“အချစ်တွေတိုင်း” Music Video နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ ချာလီဟာ နောက်ထပ် Music Video တစ်ခုကို ထပ်ရိုက်ဖို့ ကြိုးစားနေပါတယ်တဲ့။ မင်းသမီးကိုလည်း ရွေးချယ်ရခက်နေတယ်လို့ Duwun မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ နောက်ထပ် Music Video တစ်ခု ရိုက်ဖို့ရှိတယ်။ “သိပ်ချစ်လို့” ဆိုတဲ့ သီချင်းလေးပေါ့။ အဲဒါကို ကျွန်တော့်စိတ်ထဲမှာ မင်းသမီးတစ်ယောက်ယောက်နဲ့ရိုက်ချင်တာ။ ဒါပေမယ့် မရွေးရသေးဘူး။ ခင်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီသီချင်းက ဘယ်သူနဲ့လိုက်မလဲဆိုတာတော့ မသိဘူး။ သီချင်းကလည်း ယောကျ်ားလေးကို ကောင်မလေးက အသည်းခွဲသွားတဲ့ပုံစံပါ။ တွေးထားတဲ့ ပုံစံလေးတွေလည်းရှိပါသေးတယ်” လို့ သူကဆိုပါတယ်။

Photo: ACT

ချာလီကိုယ်တိုင်ကလည်း MTV အသစ်လေးအတွက် ပါဝင်မယ့် မင်းသမီးချောလေးကို ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်တဲ့။ ခင်မင်ရတဲ့ သူငယ်ချင်းတွေလည်း ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။

“ ဘယ်သူများဖြစ်မလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးဘူးပေါ့နော်။ ခင်တဲ့သူတွေကိုလည်း အကူညီတောင်းကြည့်ရမှာပဲ ရိုက်ပေးမယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာမိမှာပါ။ မိန်းကလေးကတော့ နည်းနည်းလေး ဗန့် ပုံစံသွားမယ်။ ဒါပေမယ့် ပရိသတ် နည်းနည်းလေး မုန်းမယ့် ပုံစံဆိုတော့ ဘယ်သူမှ လက်မခံမှာလည်း စိုးရိမ်တယ်။ စိတ်လည်းပူတယ်ပေါ့” လို့ ဆိုပါတယ်။

Photo: Kyaw Ye Myint Nyein

လက်ရှိ အနုပညာလှုပ်ရှားမှုကိုလည်း ချာလီက ဆက်လက်ပြောပြလာပါသေးတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

“ ကျွန်တော်အခု ဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ဖို့ရှိတယ်။ အခုလက်ရှိလည်း ကျွန်တော့်ရဲ့သီချင်းလေးဖြစ်တဲ့ “အချိန်တွေတိုင်း” Music Video လေးကလည်း 1M ကျော်သွားပြီဆိုတော့ ရင်ထဲမှာ အရမ်းပျော်နေပါတယ်။ မော်ဒယ်အလုပ်နဲ့ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာဖြစ်သလို သီချင်းဆိုတဲ့ဝါသနာကိုလည်း တားလို့မရတဲ့အတွက် Music Video တွေကတော့ ဆက်လုပ်နေဦးမှာပါပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၉ ရက်နေ့က ခင်စန်းဝင်း(မိတ်ကပ်) ရဲ့ အလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ACT

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က