ဒဏ္ဍာရီမိုး ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဝတ်မှုံရွှေရည်တစ်ယောက် မိုးနှောင်းကာရိုက်တာက သူမအတွက် ခံစားချက်တွေများခဲ့တဲ့အကြောင်း ပြောလာပါတယ်။ သူကိုယ်တိုင်ကလည်း အရမ်းချစ်တတ်တဲ့သူပါတဲ့။

ဝတ်မှုံရွှေရည်က သူမကိုယ်တိုင်လည်း အချစ်ကြီး၊ အစွဲအလမ်း ကြီးတတ်သူ တစ်ယောက်ဖြစ်တာကြောင့် မိုးနှောင်းကာရိုက်တာကို အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်တဲ့။ ဒီဇာတ်ကားကို ရိုက်ခွင့်ရတဲ့အတွက် လည်း ကျေနပ်ပီတိဖြစ်ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီဇာတ်ကားကလေ ကစ်ကို ကိုမိုးနီ လာပြောကတည်းက ကစ်အရမ်းရိုက်ချင်သွားတာ။ ကိုယ်ကိုယ်တိုင်တောင်မှ ငါကြိုက်လိုက်တာ ဆိုပြီးတော့ ဖြစ်သွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုမိုးနီကိုလည်း ကျေးဇူးတင်ရမယ်။ ဒီဇာတ်ကားကို သူကိုယ်တိုင် စီးမျှောခံစားပြီး ရေးထားတာ ဖြစ်တဲ့အတွက်ကြောင့် သူခံစားရတာနဲ့ ကိုယ်ခံစားရတာ တစ်ထပ်တည်း ကျတယ်ပေါ့’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ ညက ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဝတ်မှုံရွှေရည် ဇာတ်ကားထဲက မိုးနှောင်းရဲ့ စိတ်လိုပဲ သံယောဇဉ်ထားတတ်သူ တစ်ယောက်ဖြစ်တယ် လို့ ဆိုပါတယ်။ ‘’အပြင်မှာလည်း သံယောဇဉ်ကြီးပါတယ်။ အရမ်းလည်း ချစ်တတ်ပါတယ်။တကယ်ပါ အရမ်းချစ်တတ်တယ်။ အစွဲအလမ်းလည်း ကြီးပါတယ်။ ဇာတ်ကားထဲက အကြိုင်ဆုံး စကားကတော့ ‘’ဒဏ္ဍာရီဆိုတာ တစ်သက်စာတဲ့လား’ ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

မိုးနှောင်း တစ်ယောက်ဖြစ်လာဖို့ အတွက် ကြိုတင်ပြင်ဆင်ခဲ့တဲ့ အကြောင်းတွေကိုလည်း ဝတ်မှုံရွှေရည်က ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာတွေအများကြီးပါ။ ဒီဇာတ်ကားက စိတ်ထည့်ပြီးတော့ အရမ်းကို နှစ်နှစ်ကာကာ ခံစားပြီးတော့ ကိုယ်က တကယ် အဲဒီဇာတ်ကားထဲမှာ စီးမျှောပြီးတော့ သရုပ်ဆောင် ထားတာပေါ့နော်။ မိုးနှောင်းဆိုတဲ့ ခံစားမှုကြီးနဲ့ပဲ တစ်ကားလုံး နေခဲ့တာ ဆိုတော့လေ။ ရိုက်နေရင်းနဲ့လည်း တကယ်ကို ခံစားရတယ်’’ လို့ သူကဆိုပါတယ်။

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မိုးနှောင်းဆိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်ကောင်မလေး၊ စာအုပ်ဖတ်ရတာကို ဝါသနာကြီးသူ ကောင်မလေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့ဆိုရင် ရုံတင်ပြသပြီဖြစ်ပါတယ်။

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။

ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က