လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊ ၃ နှစ်ကတည်းက Innocence ဇာတ်လမ်းတွဲရိုက်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
Sabal Thwin

Jay Baas ကတော့ သူနဲ့အတူတွဲဖက်သရုပ်ဆောင်ရမယ့် “မြူခိုး” ဇာတ်ကောင်အပြောင်းအလဲတွေကြောင့် နစ်နာခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။ “Innocence” ဇာတ်လမ်းတွဲကိုလည်း ပရိသတ်အားပေးမှုလျော့သွားမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။ 

ယောကျ်ားလေး နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ Innocence ရုပ်သံဇာတ်လမ်းတွဲဟာ မြန်မာနိုင်ငံမှာ လိင်တူချစ်ခြင်းမေတ္တာကို ပထမဆုံးဖော်ကျူးပြသသွားမယ့် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာ တုနှိုင်းခ ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့်သူကတော့ Jay Baas ပါ။ သူနဲ့တွဲဖက်သရုပ်ဆောင်မယ့် မြူခိုး ဆိုတဲ့ ဇာတ်ကောင် အပြောင်းအလဲတွေ ဖြစ်နေတဲ့အပေါ် Duwun Media ကနေ ရင်ဖွင့်ပြောပြလာပါတယ်။ 

“ ကိုယ်နဲ့တွဲသရုပ်ဆောင်ရမယ့်လူတွေ အပြောင်းအလဲဖြစ်လာတော့ ခံစားချက်အနေနဲ့ Feel ငုတ်တယ်။ လူတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတဲ့အချိန်မှာ ကျွန်တော်လည်း Mood သွင်းရတာ မလွယ်တော့ဘူး။ အခက်အခဲဖြစ်တယ်၊ ထပ်ခါထပ်ခါလေ့ကျင့်နေရတဲ့အတွက် နစ်နာမှုတွေကတော့ ရှိတယ်။ အပြောင်းအလဲတွေရှိနေတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ထဲမှာ တစ်ခုခုဖြစ်သွားမှာလည်းကြောက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကတိပေးထားတာ ဖြစ်တဲ့အတွက် ဆက်ပြီးတော့ အကောင်းဆုံးကြိုးစားမယ်” လို့ ဆိုပါတယ်။ 

Photo: Jay Baas

Innocence ရုပ်သံဇာတ်လမ်းတွဲထဲက မြူခိုး ဆိုတဲ့ဇာတ်ကောင်အတွက် သရုပ်ဆောင် အပြောင်းအလဲတွေ မကြာခဏဖြစ်ပေါ်နေတဲ့အပေါ် ပရိသတ်ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ဖို့အတွက် ပရိသတ်ကို အသိပေးခဲ့တာ ၃ နှစ်ကြာပြီလို့ Jay Baas က အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာအလုပ်ကို ရူးသွပ်သူဖြစ်တာကြောင့်၊ ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကြိုးစားချင်တဲ့ ဆန္ဒကြောင့် တုနှိုင်းခ ကာရိုက်တာကို အကောင်းဆုံး ကြိုးစား သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မင်းသားအပြောင်းအလဲ ဖြစ်နေပေမယ့်လည်း သူကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။ 


Photo: Jay Baas

Innocence ရုပ်သံဇာတ်လမ်းတွဲကိုတော့ ပရိသတ် တော်တော်များများက စိတ်ဝင်တစား စောင့်ကြည့်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့် Jay Baas ကိုယ်တိုင်ကလည်း ဇာတ်လမ်းတွဲအချိန်ကြာမြင့်နေမှုအပေါ် ပရိသတ် စိတ်ဝင်စားမှုလျော့သွားမှာ စိုးရိမ်တယ်လို့ သူကဆိုပါတယ်။ 

“ အချိန်တွေ ကြာနေလို့လည်း ပရိသတ်အားပေးမှုလျော့သွားမှာ စိုးရိမ်မိတယ်။ မင်းသားအပြောင်း အလဲဖြစ်တဲ့အပေါ်၊ ရိုက်ဖို့အချိန်ကြာနေတဲ့အပေါ်မှာ စိတ်ပျက်တဲ့ ပရိသတ်တွေလည်းရှိနိုင်တယ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် စောင့်ပြီးတော့ အားပေးမယ်ဆိုတဲ့ ပရိသတ်တွေလည်းရှိတော့ တစ်ခုခု ချို့ယွင်းသွားမှာလည်းကြောက်တယ်။ ကျွန်တော့်အနေနဲ့လည်း ၃ နှစ်လောက် စောင့်ခဲ့ရတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက်ကြောင့် ထိခိုက်သွားမှာလည်း စိုးရိမ်မိပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Jay Baas

Jay Baas ကိုတော့ Innocence ရုပ်သံဇာတ်လမ်းတွဲထဲက တုနှိုင်းခ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သွားမယ့် သရုပ်ဆောင်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ကိုရီးယားဆန်ဆန် ချစ်စရာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူ ပါ။ Innocence ရုပ်သံဇာတ္လမ်းတြဲထဲက ျမူခိုး ဆိုတဲ့ ဇာတ်ကောင္ကို ပထမဆုံးအေနနဲ့ ထက်ဦးထြဋ် ကို ရြေးခ်ယ္ခဲ့ဖူးပါတယ်။ ထက်ဦးထွဋ် ထွက်သွားပြီးတဲ့နောက်မှာတော့ အဆိုပါဇာတ်ကောင်နေရာကို မိုးမာန် က ပါဝင်သွားမယ်လို့ သိရပါတယ်။ နောက်ထပ်လည်း မိုးမာန်က မရိုက်ဖြစ်တော့တဲ့အချိန်မှာတော့ မော်ဒယ်လ်၊ သရုပ်ဆောင် ရှိုင်းဝဏ္ဏအောင်က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Innocence ဇာတ်လမ်းတွဲရဲ့ Teaser ကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၇ နာရီက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က