ရွှေထူးကတော့ အိမ်ထောင်ပြုသွားတယ်ပေါ့။
Sabal Thwin

4 Four Show ပွဲ မလုပ်ဖြစ်တဲ့ ၄ နှစ်အတွင်းမှာတော့ သူငယ်ချင်းတစ်ယောက်ချင်းစီက ပြောင်းလဲသွားကြပြီလို့ X-Box က ပြောပါတယ်။အခုချိန် ပြန်လည်ဆုံတွေ့ရတဲ့အခါမှာ ထက်ယံ တစ်ယောက်ကတော့ အရမ်းကိုပျော်နေပါတယ်တဲ့။

X-Box ကတော့ ရွှေထူး၊ ထက်ယံ၊ Lil’z တို့နဲ့အတူ ပြန်ဆုံပြီး ဂီတဖော်ဖြေပွဲလုပ်တော့မှာဖြစ်ပါတယ်။ နှစ်တွေ အတော်ကြာ လက်တွဲလာခဲ့တဲ့ သူငယ်ချင်းတွေရဲ့ ပြောင်းလဲမှုတွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’လူကြီးတွေလည်းဖြစ်လာတယ်။ ပြီးတော့ ကျွန်တော်တို့တွေလည်း သိပ်ပြီးတော့ မတွက်ကတ်တော့ဘူး။ ရွှေထူးလည်း အိမ်ထောင်ကျသွားတယ်။ ထက်ယံဆိုရင်လည်း အဖွဲ့ထဲမှာ အငယ်ဆုံးဆိုပေမယ့် အခုဆိုရင် လူကြီးပိုင်းထဲရောက်လာပြီပေါ့နော်။ အရမ်းပျော်ပါတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုတော် ထက်ယံကလည်း အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူပြန်ဆုံပြီး ဂီတဖျော်ဖြေပွဲ လုပ်ရတော့မှာမို့ အရမ်းကို ပျော်နေတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော် ကတော့ သူတို့နဲ့ ပြန်တွေ့ရတာပျော်တယ်။ အရင်အချိန်တွေ ပြန်သတိရတယ်။ ဘာလေးပဲလုပ်လိုက် လုပ်လိုက် ဟိုးအရင်အစတုန်းကလို ဟီးဟီးဟားဟားနဲ့ လျှောက်သွားလိုက် လုပ်နေသလိုပဲ ပြန်ခံစားရပါတယ်။ ပြန်ငယ်သွားသလိုပေါ့နော်’’ လို့ သူကဆိုပါတယ်။

X-box နဲ့ ထက်ယံ တို့ အပါအဝင် Lil’z နဲ့ ရွှေထူးတို့ပါ သီဆိုသွားမယ့် 4 Reunion ရှိုးပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ Rose Garden Hotel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ၄ နှစ်ကျော်မှ ရှိုးပွဲ လုပ်တဲ့အတွက်ကြောင့်လည်း ပရိသတ်အားပေးမှုအခြေအနေကို ရင်ခုန်နေတယ်လို့ x-Box က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 4 Reunion Show ပွဲလက်မှတ်တွေကိုတော့ O.M.G ၊ Run Yangon ၊ Genius ၊ Capital A နဲ့ Sprit တို့မှာ လက်မှတ်တစ်စောင်ကို ငွေကျပ် တစ်သောင်းခွဲ နဲ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ ပွဲကျင်းပမယ့် နေရာကြောင့်လည်း လူဦးရေ ကန့်သတ်ထားတယ်လို့ X-Box က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ a

Photo: four

X-box နဲ့ ထက်ယံ တို့ကတော့ လက်ရှိ ဂီတလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် နှစ်ဦးဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေ အခိုင်အမာ ရရှိထားကြသူတွေဆိုရင်လည်း မမှားပါဘူး။ သူတို့ နှစ်ယောက်ဟာ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပြီးသား အဆိုတော်တွေ ဖြစ်ပါတယ်။ လက်ရှိမှာလည်း X-Box ရဲ့ ‘’Hurt’’ သီချင်းနဲ့ ထက်ယံရဲ့ ‘’နွေးသွားတယ်’’ သီချင်းကလူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတဲ့ သီချင်းတွေဖြစ်လို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က