ဧပြီလ ၁၀ ရက်နေ့မှာ ကျွေးမှာပါ။

မအေးသောင်းကတော့ မုန့်လက်ဆောင်း စတုဒီသာအလှူကို သူ့ရဲ့ နေအိမ်မှာပဲ လုပ်သွားမယ်လို့ မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်က ပြောပြလာပါတယ်။

Photo: Nay Htoo Wai



သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဧပြီလ ၁၀ ရက်နေ့မှာ စတုဒီသာအလှူလုပ်မယ်လို့သိရပါတယ်။ ဒီအလှူနဲ့ပတ်သက်ပြီးသူမရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်က Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’စတုဒီသာကတော့ အိမ်မှာပဲလုပ်မှာပါ။ ဆိုင်နဲ့ အိမ်နဲ့ တွဲထားတာပါပဲ။ ဒီအလှူကတော့ နှစ်တိုင်းလုပ်နေကြ။ မုန့်လက်ဆောင်းကို ထန်းလျှက်ရေလေးနဲ့ နောက်ပြီးတော့ အုန်းသီးဖက်လေးတွေ ထည့်ပြီးတော့ တိုက်မှာပါ။ တစ်နေကုန်ကျွေးမှာတော့ မဟုတ်ဘူး။ ညနေ ၄ နာရီမှ စကျွေးမှာ’’ လိ့ု သူကဆိုပါတယ်။

Photo: Aung Thaung

မအေးသောင်းကလည်း စတုဒီသာအလှူအတွက် ဘာကျွေးရမယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်က ပရိသတ်တွေကို မေးထားတာ တွေ့ရပါတယ်။

‘’နက်ဖြန်စတုဒီသာကို မုန့်လုံးရေပေါ် (or) မုန့်လက်ဆောင်း။ တခုရွေးပေးပါ။ ခုဈေးဝယ်တော့မှာ..’’ လို့ ရေးသားထားတာ တွေ့ရပါတယ်။ မအေးသောင်းရဲ့ အလှူကို လာရောက်အားပေးကြမယ့် ပရိသတ်တွေလည်း အများကြီးရှိတယ်ဆိုတာကို Comment ကနေတဆင့် တွေ့နိုင်ပါတယ်။

Photo: PMZaw

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က