ဒီနေ့ (မတ်လ ၁၉ ရက်) ရုံးချိန်း အခြေအနေကို ပြောပြလာပါတယ်။

မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း မခင်မြတ်နိုးကတော့ ဒီနေ့(မတ်လ ၁၉ ရက်)က ရုံးချိန်းမှာ တရားရုံးက မေးတဲ့ မေးခွန်းတွေအပေါ် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေ ပြောလာပါတယ်။ 

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှု နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့ (မတ်လ ၁၉ ရက်) မှာတော့ ရုံးချိန်းခေါ်ဆိုခဲ့ပြီး အမှုအခြေအနေ ကိုလည်း မီဒီယာ အင်တာဗျူးမှာ မခင်မြတ်နိုးက ပြောပြလာပါတယ်။



“ ဒီနေ့ကတော့ ညီမကို Recall အနေနဲ့ ပြန်ခေါ်သက်သေ ပြန်စစ်တယ်။ သူတို့ မေးတာတွေ အကုန်ဖြေပါတယ်။ မေးခွန်းတွေကို ဘာတစ်ခုမှ မထိန်ချန်ပဲနဲ့ အကုန်အမှန်အတိုင်းပြော ခဲ့တာပါ။ ကျန်းမာရေးအရ ကျောက်ကပ်ဖြစ်တာကတော့ ကြာပြီ လွန်ခဲ့တဲ့ ၂၀၀၈ လောက်ကတည်းကပါ။ ညီမ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူ့ဘက်ကတော့ ဘာမှ ပြန်ပြောလာတာ မရှိပါဘူး” လို့ ဆိုပါတယ်။ 

ဒီနေ့(မတ်လ ၁၉ ရက်) ရုံးချိန်းမှာ တရားရုံးက မေးမြန်းခဲ့တဲ့ မေးခွန်းတွေအပေါ် မခင်မြတ်နိုးရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလာရင် အရမ်း ခံစားရတယ်လို့လည်း ဒီနေ့(မတ်လ ၁၉ ရက်) ရုံးချိန်းကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ သူတို့တွေက ကိုယ်မူးယစ်ဆေးဝါးသုံးတယ်ဆိုတာကိုပဲ တစ်ဖက်သတ် ပြောချင်နေတာလေ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မေးတဲ့အပေါ်မှာလည်း ခံစားရပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း မေးဖို့မလိုတော့ဘူးလို့တော့ ထင်တယ်။ ဒါပေမယ့် ဖြေသင့် ဖြေထိုက်လို့ ဖြေရတယ်လို့ပဲထင်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာလည်း ညီမက အမှန်အတိုင်း တင်ပြထားတဲ့အတွက် တရားရုံးကလည်း အမှန်တရားအတိုင်း စီမံသွားမယ်လို့ ထင်ပါတယ်။” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က