သူမရဲ့ မွေးနေ့မှာ Surprise လုပ်ပြီး မပင်ပန်းစေချင်ဘူးလို့လည်း ပြောပါတယ်။
Sabal Thwin

မိစန္ဒီကတော့ ဇွန်လ အတွင်းမှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ လေးမှာ စိတ်ကူးထားတဲ့ အရာလေးတွေနဲ့ သီချင်း အသစ်လေးတွေ ထွက်လာမယ့်အကြောင်း ပြောလာပါတယ်။ 

အဆိုတော် မိစန္ဒီကတော့ ဇွန်လ ဟာ သူမရဲ့ မွေးလ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ (၁၂)ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့လေးမှာ ပရိသတ်တွေ နားဆင်ဖို့ သီချင်းအသစ်လေးတွေ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။ 

"မိစန္ဒီဆိုတဲ့ ကောင်မလေးကို June လရဲ့ အေးချမ်းတဲ့ မိုးရေစက်တွေနဲ့အတူ မွေးဖွားခဲ့ပါတယ်။ ပြောချင်တာကတော့ ဒီလက မိစန္ဒီရဲ့ မွေးလလေးပေါ့နော်။ ဒီနှစ် မွေးနေ့မှာလည်း မွေးနေ့ပွဲ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း မုန့်ကျွေးမှာ မဟုတ်ပါဘူးနော်။ တစ်ယောက်တည်း ကိုယ်ကြိုက်တာတွေ ကြိတ်စားနေမှာပါ။ ဒါပေမဲ့ . . .အဲဒါတွေထက် ပိုကောင်းမဲ့ အစီစဉ်လေး ရှိပါတယ်။ ဒီနှစ် မွေးလလေးမှာ ပရိသတ်တွေ အတွက် သီချင်းလက်ဆောင်လေးတွေ အများကြီး စီစဉ်ထားပါတယ်။ ဟိုနေ့က ထွက်ထားတဲ့ “နှလုံးအထူးကု” (Heart Specialist) လေး နားမထောင်ရသေးရင် နားထောင်ပေးကြပါဦးနော်။ နောက်ထပ် သီချင်းတွေနဲ့ Music Video လေးတွေ ထွက်ဖို့ ရှိပါတယ်။" ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Mi Sandi

မိစန္ဒီဟာ သူမအတွက် မွေးနေ့ လက်ဆောင် ထူးထူးခြားခြားကြီးတွေ မလုပ်ဖို့ ပရိသတ်တွေကို ပြောလာခဲ့ပါတယ်။ Surprise တွေ လုပ်တာထက် သူမရဲ့ သီချင်းအသစ်လေးတွေကို ပိုအားပေးဖို့ သူက ဆိုပါတယ်။ 

"မိစန္ဒီရဲ့ ပရိသတ်တွေ၊ နောက်ပြီး We Love Mi Sandi က "Pabies" တွေလည်း ဒီနှစ် မွေးနေ့အတွက် Surprise တွေ ဘာတွေ လုပ်ပြီး အပင်အပန်းမခံပါနဲ့နော်။ မိစန္ဒီကို မွေးနေ့လက်ဆောင် ပေးတာထက် မိစန္ဒီရဲ့ သီချင်းအသစ်တွေကို ပိုအားပေးစေချင်ပါတယ်။ ပိုကြည့်ပြီး ပိုနားထောင်ပေးကြပါ။ Facebook တင်မက Streaming App တွေကပါ ခဏခဏ နားထောင်ပေးကြပါနော်။ ပရိသတ်တွေရဲ့ အားပေးမှုဟာ မိစန္ဒီအတွက် ထာဝရ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်မို့ပါ" လို့ ဆိုလာခဲ့ပါတယ်။ 

Photo: Mi Sandi

မိစန္ဒီက ဒီနှစ် မွေးလထဲမှာ သူမအရမ်းလုပ်ချင်ခဲ့တဲ့ ပရဟိတအလုပ်လေး တစ်ခုကို လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းအရာကိုတော့ မွေးနေ့ မတိုင်ခင် ပြောပြသွားမယ်လို့ သူက ဆိုပါတယ်။ 

" ဒီလထဲမှာ မိစန္ဒီ အရင်ကတည်းက လုပ်ချင်ခဲ့တဲ့ "Charity Project" လေးတစ်ခု လုပ်သွားဖို့ ရှိပါတယ်။ အဲဒါလေးကိုလည်း မကြာခင် ကြေညာပေးသွားပါမယ်။ ပရိသတ်ကြီးအတွက် အလုပ်တွေ ကြိုးစားပြီး သီချင်းတွေ ပိုလုပ်ရမှာ မိစန္ဒီရဲ့ တာဝန်ပါ။ ပရိသတ်ကြီးရဲ့ တာဝန်ကတော့ အမြဲတမ်း ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး မိစန္ဒီရဲ့ သီချင်းတွေကို အားပေးပါ။ မိစန္ဒီကို ပိုချစ်ပေးပါ‌နော်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇွန်လ (၂) ရက်နေ့တုန်းက သူမရဲ့ သီချင်းအသစ်လေး တစ်ပုဒ်ဖြစ်တဲ့ " နှလုံးအထူးကု" ဆိုတဲ့ သီချင်းလေးထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က