လတ်တလောမှာတော့ ဗိုလ်ချုပ်မွေးနေ့က ကျွန်တော့်ထက် အရင်လာမှာဆိုတော့ ပိုအရေးကြီးတယ်။

ဖိုးချစ်ကတော့ သူ့ရဲ့ မွေးနေ့အစီအစဉ်ထက် ဗိုလ်ချုပ်မွေးနေ့က ပိုအရေးကြီးတယ်လို့ ဆိုလာပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ We Love တွေနဲ့ အတူတူ အမှတ်တရ ကုသိုလ်ရေးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ 

Photo: Phoe Chit



ဖိုးချစ်ရဲ့ မွေးနေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့မှာတော့ ဖိုးချစ်က ထူးခြားတဲ့ မွေးနေ့ ကုသိုလ်ထူး တစ်ခုလုပ်သွားဖို့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ပေ ၄၀၀ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် တည်ဖို့ စီစဉ်ထားပါတယ်တဲ့။ 

“ ကျွန်တော့်မွေးနေ့မှာ နောက်ထပ် ပေ ၄၀၀ အမြင့်ရှိတဲ့ ဗုဒ္ဓဝင်ပြခန်းတွေပါတဲ့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဖို့ ပြင်ဆင်နေပါတယ်။ We Love အဖွဲ့တွေရော အားလုံး ပေါင်းပြီး ပြင်ဆင်နေပါ့မယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က “သောင်းတိုက်က ကြားစေသား” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Phoe Chit

ဖိုးချစ်ကတော့ သူ့ရဲ့ မွေးနေ့ အစီအစဉ်ထက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ ချစ်ရသူတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမယ်လို့ သူကပြောပါတယ်။ 

“ မွေးနေ့နဲ့ ပတ်သက်ပြီး သီးခြား မတွေးထားပါဘူး။ ကျွန်တော့်မွေးနေ့ထက် တန်ဖိုးဖြတ်လို့မရတဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့က ကျွန်တော့်အရှေ့မှာလေ ဗိုလ်ချုပ်မွေးနေ့က ပိုအရေးကြီးပါတယ်။ ဗိုလ်ချုပ်မွေးနေ့အတွက်ပဲ ခေါင်းထဲ စဉ်းစားမယ်ပေါ့ ကျွန်တော့် မွေးနေ့ကတော့ အများဆုံး လုပ်ဖြစ်ရင်စုပေါင်းပြီး မုန့်စားတာလောက်ပဲ၊ အလှူလုပ်တာလောက်ပဲ။ ကျန်တာကတော့ ဘာမှလုပ်ဖြစ်မယ် မထင်ပါဘူး” လို့ ဆိုပါတယ်။ 

Photo: Phoe Chit

ဖိုးချစ်ဟာ သူ့ကို ချစ်တဲ့ We Love တွေဆီက အမှတ်တရ လက်ဆောင်တစ်ခု လိုချင်တယ်လို့ ဆိုပါတယ်။ ဒီလက်ဆောင်ကလည်း သူ့ရဲ့ စိတ်ရင်းဆန္ဒအတိုင်း အရမ်း လိုချင်တဲ့ လက်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။ 

“ မွေးနေ့မှာ ကျွန်တော် လိုချင်တဲ့ လက်ဆောင် တစ်ခုရှိပါတယ်။ ဒါကတော့ ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ We Love အဖွဲ့တွေအားလုံးကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းဖြစ်စေမယ့် Group လေး တစ်ခုလောက် ရှိစေချင်တယ်။ အားလုံးရဲ့ မေတ္တာကို တစ်စုတစ်စည်းတည်း မြင်ချင်တာ ကျွန်တော်အလိုချင်ဆုံး လက်ဆောင်ပါ။ မွေးနေ့ လက်ဆောင် ဆိုတာလည်း ဘာမှ မလိုချင်ပါဘူးလို့ ပြောပြီးပါပြီ"လို့ သူကဆိုပါတယ်။ 

Photo: Phoe Chit

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က