သြဂုတ်လ (၃၁) ရက်နေ့ ဆိုရင် မွေးနေ့ ရောက်ပါပြီ။

စိုးမြတ်သူဇာကတော့ သူမရဲ့ မွေးနေ့ တစ်နေ့တာ ဖြတ်သန်းသွားမယ့် အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

အကယ်ဒမီစိုးမြတ်သူဇာကတော့ သြဂုတ်လ(၃၁) ရက်နေ့ဆိုရင် သူမရဲ့ မွေးနေ့ ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ဟာ အသက်(၄၉) နှစ်ပြည့် မွေးနေ့လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းသွားမယ်လို့ Duwun ကို ပြောပြလာပါတယ်။ 



" အရင်တုန်းကတော့ မကြီးက မွေးနေ့ဆိုရင် ဘုရားမှာ မီးထွန်းတာတို့၊ ဓမ္မာရုံမှာ ဆွမ်းလောင်းတာတို့ လုပ်ဖြစ်တယ်။ အခု အဲဒီ ဓမ္မာရုံတောင် ပိတ်ထားတယ်။ ဒါပေမယ့် မနက်စောစောဆိုရင် လမ်းထဲမှာ ဆွမ်းခံကြွတာတွေရှိတယ်။ ဆွမ်းတော်ဗျို့ ဆိုတဲ့ အသံလေးကို အရမ်းသဘောကျတယ်။ မနက်(၉) နာရီလောက်ဆို ကြွပြီလေ အဲဒီဘုန်းဘုန်းတွေကိုတော့ ကိုယ်တိုင်ထွက်ပြီး ဆွမ်းလောင်းဖြစ်မယ်" လို့ သူကဆိုပါတယ်။ 

စိုးမြတ်သူဇာဟာ အသက်အရွယ်ရလာတာနဲ့ အမျှ သူမရဲ့ မျက်နှာပေါ်မှာ ပြောင်းလဲလာတဲ့ အရာလေးတွေကို ခံစားမိနေပြီလို့ ဆိုပါတယ်။ 

“ အသက်လည်း ကြီးနေပါပြီ။ အိုလည်း အိုလာပြီဆိုတာ သိတယ်။ မျက်လုံးလေးတွေက အစ ကျနေတယ်။ မွေးနေ့ပွဲတွေ ဘာတွေလည်း မလုပ်ချင်တော့ပါဘူး။ လုပ်လို့ရရင်တောင် မလုပ်ဘူး ဘာလုပ်ရမှာလဲနော်။ တရားသဘောပေါ့။ အခုထိ ဂိမ်းတွေ ဆော့နေပေမယ့် ဥပုဉ်တော့ စောင့်ပါတယ်။ ဝါတွင်းမှာလည်း မရရအောင် ဥပုဉ်စောင့်ဖို့ ကြိုးစားပါမယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က