ဆရာမတွေအတွက် ဝတ်စုံလေးတွေလည်း လှူခဲ့ပါသေးတယ်။

နေမင်းဟာ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလ တိုက်နယ် ဆေးရုံမှာ COVIL-19 ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို မိသားစုနဲ့အတူ လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ 

သရုပ်ဆောင်နေမင်းကတော့ သူ့ရဲ့ မွေးရပ်မြေ ဇာတိမြို့လေးဖြစ်တဲ့ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလတိုက်နယ် ဆေးရုံမှာ ဆေးပစ္စည်းတွေ တတ်နိုင်သလောက် လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ သူဟာ မကြာခဏ ဒီမြို့လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိသူ တစ်ယောက်ပါ။ 



"ကျွန်တော်တို့ရွာ လေးနှင့် အနီးနားတစ်ဝိုက်ကရွာလေးတွေမှာပြည်ပကနေ ပြန်ရောက်လာကြသော လူတွေ

ရောဂါအတွက် သံသယ ရှိသော လူနာတွေကို သွားရောက်တွေ့ဆုံ စမ်းသပ်စစ်ဆေး တဲ့အခါ အသုံးပြုဖို့

ဆေးရုံရှိ ဆရာ/ ဆရာမ တွေ အကာအကွယ်ဖြစ်စေဖို့ အတွက် ကာကွယ်ရေးဝတ်စုံလေးတွေကို ကိုယ့်မွေးရပ်မြေ ဆေးရုံလေးတွင် ဒီနေ့မနက်သွားရောက်လှူဒါန်းဖြစ်ခဲ့သည်" ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

သူဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပေမယ့် သူ့ကို မွေးခဲ့တဲ့ဇာတိကို ဘယ်တော့မှ မမေ့ဘူးလို့နေမင်းက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ကျေးရွာအတွက်လည်း သူဟာဂုဏ်ယူတတ်သူပါလို့ လည်း ပြောပြခဲ့ပါသေးတယ်။ 

‘’ အောင်မြင်တာ ကျရှုံးတာက ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်။ ကိုယ့်ကို မွေးခဲ့တဲ့နေရာကလည်း အသက်ကြီးလာမှ တခြားနေရာမှာ မွေးတယ်လို့ပြောလို့မှမရတာ။ ကျွန်တော့်ကို သက္ကလမှာ မွေးခဲ့တယ်။ ဒီရွာလေးမှာ မွေးခဲ့တယ်ဆိုတာကတော့ ပြောရမှာပဲ။ တစ်ခါတလေမှာ သိမ်ငယ်စိတ်ကြောင့် မပြောတာတွေရှိတယ်၊ တစ်ခါတလေမှာလည်း ဂုဏ်ယူစိတ်နဲ့ ပြောတာမျိုးရှိတယ်။ ကျွန်တော်ကတော့ အချိန်တိုင်း ဒီလိုပဲ ပြောမိနေတာပဲ’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အစ်ကိုဖြစ်သူရဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေရိုက်နေသူပါ။ အဲဒီနောက် မိသားစု စီးပွားရေးကို ဦးဆောင်ပေးနေရတဲ့သူဖြစ်တာကြောင့်လည်း အနုပညာအလုပ်တွေကို အရင်ကလောက် လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။



Share

Loading Next Article...
က္က