စစ်တပ်ထဲမှာ ကလေးဘဝဖြတ်သန်းခဲ့မှုတွေကိုပြောပြလာပါတယ်။

မေသဉ္ဇာဦးဟာ စစ်သားမိသားစုကနေ မွေးဖွားလာတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကတော့ သူမရဲ့ အသက် ၁၀ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရတယ်လို့ဆိုပါတယ်။

မေသဉ္ဇာဦးကတော့ မိဘနှစ်ပါးနဲ့ အတူ စစ်တပ်ထဲမှာ ကလေးဘဝ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ ဖခင်ဖြစ်သူဟာ တပ်မတော်သား တစ်ယောက်ဖြစ်တယ်လို့လည်း Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။



‘’ ဖေဖေက အစ်မ ၁၀ နှစ်သမီးအရွယ်မှာ ဆုံးသွားတာပေါ့နော်။ တစ်ခါတစ်ခါ ထွက်ပြီဆိုရင်လည်း လနဲ့ချီကြာတယ်။ အဲဒီအခါကျရင် စစ်သားမိန်းမ၊ ကလေးတွေပဲ ကျန်ခဲ့ကြတာပေါ့နော်။ ယောက်ျားတွေ မရှိတဲ့ အခါကျရင် ကျန်ခဲ့တဲ့သူတွေက သူ့အိမ်ကိုယ့်အိမ် စည်းစည်းလုံးလုံးလေးနဲ့ နေကြတာပေါ့။ အမေဆုံးတာကလည်း တစ်လ တစ်ခါ မုဆိုးမတွေ ထမင်းစုစုပြီး စားကြတဲ့နေ့မှာပဲ ဆုံးတာ။ ကိုယ့်အမျိုးသားတွေကလည်း သေဖော်သေဖက်တွေဆိုတော့ သူတို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်။ တပ်ထဲမှာက ဒါကိုပဲ ကိုယ့်မိသားစု လုပ်နေရတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: May Thinzar Oo

အခုချိန်မှာလည်း နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို သားသမီးတစ်ယောက်လို သဘောထားတယ်လို့လည်း မေသဉ္ဇာဦးက ပြောပါတယ်။ ဒီလိုဘဝတွေကို ကိုယ်ချင်းမစာတတ်တဲ့သူတွေလည်းရှိတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမက်’’ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အခုက ကိုယ့်မှာသားသမီးတွေ ရှိလာပြီဆိုတော့ ဒီစစ်သားတွေကိုလည်း ကိုယ့်သားသမီးတွေလိုပဲ သဘောထားရတော့မယ်။ ထွက်သွားပြီဆိုတာနဲ့ ပြန်လာမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။ ပြန်တွေ့ရမှာလား မတွေ့ရမှာလားလည်း မသိ။ တချို့ ကိုယ်ချင်းမစာတာတွေက သူတို့အပိုင်း၊ ကိုယ်ခံစားခဲ့ရတာက ကိုယ့်အပိုင်းပေါ့’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: May Thinzar Oo

မေသဉ္ဇာဦးဟာ စစ်တပ်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေက သူမအတွက် ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

‘’ပျော်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်းရှိတယ်။ ရိက္ခာတွေလာပေးတယ်ဆိုရင် စစ်ကားကြီးပေါ်က ပေးတဲ့ဟာတွေကို ခြင်းလေးတွေနဲ့ လဲကြတာပေါ့နော်။ ကလေးဘဝမှာ အဲဒါတွေက ပျော်ခဲ့ရတာတွေပဲလေ။ ပြီးရင်စက်ဘီးတစ်စီးနဲ့ လျှောက်သွားကြတာ။ အခုတော့ သူတို့တွေ ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ မသိတော့ဘူး။ ပျော်စရာတွေလည်းရှိခဲ့သလို၊ ဝမ်းနည်းစရာတွေလည်းရှိတယ်’’

Photo: May Thinzar Oo

သူမက အခုဆိုရင်တော့ ‘’တစစ်တမက်’’ဆိုတဲ့ တပ်မတော်အကျိုးပြု ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ သရုပ်ဆောင် မေသဉ္ဇာဦးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူတစ်ယောက်ဖြစ်ပြီး ဒီနေ့အထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က