ဘယ်သူ့ကို Vote ပေးမလဲ။

Myanmar Idol သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရရှိလာတဲ့ ဘီလီလမင်းအေး ကတော့ Myanmar Idol(Season-4) ပြိုင်ပွဲဝင်တွေကို အားပေးစကားပြောခဲ့ပါတယ်။

Photo: Billy La Min Aye



Myanmar Idol 2 ကနေ ပရိသတ် အခိုင်အမာရရှိခဲ့တဲ့ ဘီလီလမင်းအေးကတော့ လက်ရှိ ပြိုင်ပွဲဝင်နေကြတဲ့ Myanmar Idol(Season-4) က ပြိုင်ပွဲဝင်တွေအတွက် မီဒီယာ အင်တာဗျူးတွေ က နေအားပေးစကားပြောခဲ့ပါတယ်။

‘’ ဘာပဲပြောပြော ဒီ ၁၁ ယောက်စလုံးက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်ပြီးသွားပြီ။ ဒီ့အတွက် အားမငယ်ပါနဲ့။ ပြိုင်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် တစ်ပတ်ကို တစ်ယောက် ထွက်ရနိုင်ပေမယ့်လို့ ကိုယ့်မှာ Fan တွေလည်းရှိသွားပြီ။ အားပေးတဲ့သူတွေလည်း ရှိနေပြီဖြစ်လို့ အားမငယ်ကြပါနဲ့ ၊ ဆက်ကြိုးစားပါ။ ကိုယ့်ရဲ့ လမ်းကြောင်းကို ဘယ်တော့မှ ပျောက်မသွားပါစေနဲ့လို့ ဖူးကတော့ ပြောချင်တယ်’’လို့ သူကဆိုပါတယ်။

Photo: Billy La Min Aye

ဘီလီလမင်းအေးက Myanmar Idol (Season-4) က ပြိုင်ပွဲဝင် အားလုံးကို မောင်နှမတွေလို သဘောထားတာကြောင့် ဘယ်တစ်ဦး တစ်ယောက်ကိုမှ Vote ပေးထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

‘’ ဖူးလည်း ဘယ်သူ့ကိုမှ Vote မပေးထားပါဘူး။ ဘာကြောင့်လည်းဆိုတော့ Final မရောက်သေးဘူးဆိုတော့လေ။ ဘယ်သူတွေ တက်လာမလဲ မသိသေးဘူး။ ပြိုင်ပွဲဝင် ၁၁ ယောက်စလုံးက ဖူးအတွက် မောင်နှမတွေ ဖြစ်တယ်။ ဖူးလည်း ဘယ်သူ့ကိုမှ မျက်နှာလိုက်ပြီးတော့ Vote မပေးချင်ဘူး။ ၁၁ ယောက်စလုံးကလည်း အရမ်းတော်လွန်းတော့ ဘယ်သူ့ကိုမှ Vote မပေးရသေးပါဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညက ‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Billy La Min Aye

ဘီလီလမင်းအေးဟာ အခုဆိုရင် ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူဟာ အလုပ်တွေ မအားမလပ်ဖြစ်နေတာကြောင့်လည်း Myanmar Idol ပြိုင်ပွဲကို TV ကနေ တဆင့် အားပေးနေတယ်လို့ ဆိုပါတယ်။

‘’ Myanmar Idol Season-4 ပြိုင်ပွဲဝင်တွေနဲ့ ဖူး သွားမတွေ့ရသေးပါဘူး။ ဒါပေမယ့် First Live မှာတော့ TV ကနေပဲ အားပေးခဲ့ပါတယ်။ နယ်တွေ သွားနေရတာဖြစ်တဲ့အတွက် ၁၁ ယောက်စလုံးကို မတွေ့ရသေးတာပေါ့နော်။ ဒီနှစ်ကတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပြီး အားပေးတဲ့ပရိသတ် ပိုများတဲ့အတွက် အများကြီး ကြိုးစားကြပါ။ Week တိုင်း Week တိုင်းမှာ မတူညီတဲ့ စိန်ခေါ်မှုတွေရှိလာတဲ့အတွက် ကြိုးစားကြပါလို့’’ လို့ သူက ပြောပါတယ်။

Photo: Billy La Min Aye

ဘီလီလမင်းအေးဟာ Myanmar Idol (Season-2) ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’အရှုံးမပေးတဲ့ ဝိညာဉ်’’ ဆိုတဲ့ သီချင်းအခွေကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ်လည်း Single Song တွေ ထွက်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က