ကျေးဇူးတင်စကားတွေ အများကြီးပြောလာပါတယ်။

သရုပ်ဆောင် အကယ်ဒမီနေတိုး ကတာ့ “Myanmar’s Pride Awards 2019” ဆုပေးပွဲကြီးမှာ Best inFilm ဆုကို ရရှိခဲ့ပါတယ်။ 

Photo: Myanmar Pride



မြန်မာနိုင်ငံမှ ထူးချွန်ကျွမ်းကျင်ပညာရှင်များအား ကျရာကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ “Myanmar’s Pride Awards 2019” ရဲ့ ဒုတိယအကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကြီးကို Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာတော့ မှာတော့ နယ်ပယ်အသီးသီးကထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကိုရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ 

ဒီဆုပေးပွဲမှာ Best in Film ဆုကို အကယ်ဒမီ နေတိုးက ထိုက်ထိုက်တန်တန်ဆွတ်ခူး ရရှိသွားပါတယ်။ ပရဟိတလုပ်ငန်းများစွာ လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး အကယ်ဒမီ ၃ ဆုရှင် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ အကယ်ဒမီနေတိုးက Best in Film ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

"ဒီဆုကတော့ ပရိသတ်တွေပေးတဲ့ Voting လေးတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ပြီးတော့ Myanmar's Pride Award မှာ ရုပ်ရှင်နယ်ပယ်ကိုယ်စား ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ပရိသတ်ရဲ့ ချစ်ခင်မှု၊ ပရိသတ်ရဲ့ အားပေးမှုနဲ့ ဖြစ်ပေါ်လာတဲ့ ဆုလေးဆိုရင်လည်းမမှားပါဘူး။ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်အနေနဲ့ မိမိရပ်တည်မှုကို အကောင်းဆုံးကြိုးစားရင်းနဲ့ နောင် အနာဂတ်မှာ ဒီ့ထက်ကောင်းမွန် တဲ့အရာတွေကို ဖန်တီးပေးသွားပါ့ မယ်လို့လည်း ဒီနေရာကနေပြောချင်ပါတယ်။ ဒီလိုမျိုး ကဏ္ဍအသီးသီးက ဆုရှင်တွေ နောင်အနာဂတ်မှာ အများကြီး ပေါ်ထွက်လာပါစေလို့လည်း ဆုတောင်းပါတယ်"

 လို့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

Photo: Myanmar Pride

Myanmar’s Pride Awards ၏ “Best in Film” ဆုကို ပေးအပ်ခြင်းဟာ သရုပ်ဆောင်ခြင်းအနုပညာက မိမိမဟုတ်သော ဇာတ်ကောင်တစ်ခုကို အနုပညာဈာန်ဝင်စားပြီး အမူအရာနှင့် ခံစားချက်ကို တစ်ထပ်တည်းတူညီအောင် သရုပ်ဆောင်ရတဲ့ ခက်ခက်ခဲခဲ ပညာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်အောက်တွင် အနုပညာအရည်အသွေးပြည့်ဝပြီး  နိုင်ငံတကာသို့ ချီလှမ်းနိုင်တဲ့ ထူးချွန်ပြောင်မြောက်သော ပြည်သူချစ်အနုပညာရှင် တစ်ယောက်အဖြစ် အခုလို ဆုချီးမြင့်ခဲ့တာဖြစ်ပါတယ်။

Photo: Myanmar Pride

Myanmar's Pride Awards 2019 Final ဒီဆုပေးပွဲဟာ မြန်မာပြည်တွင် မွေးဖွားသူ (သို့) မြန်မာလူမျိုးဖြစ်ပြီး မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံအား ကမ္ဘာ့အလယ်တွင် ဂုဏ်ဆောင်နိုင်သူများ။ သက်ဆိုင်ရာ ပညာရပ် နယ်ပယ်တွင် ပြည်တွင်းကော ပြည်ပတွင်ပါ အကျိုးသယ်ပိုးနိုင်သူများ။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်သူများ။သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထူးချွန်ကျော်ကြားမှုများကြောင့် နိုင်ငံတကာပရိသတ်၏ လေးစားမှုရရှိပြီး မြန်မာနိုင်ငံအား ကမ္ဘာ့အလယ်တွင် အသိအမှတ်ပြုခြင်းခံရသူများ စတဲ့ အချက်တွေကြောင့် တိုင်းပြည်အကျိုးကို သယ်ပိုးရင်း နိုင်ငံဂုဏ်ဆောင်သူတွေထဲကမှ ထူးချွန်သူများကို Myanmar’s Pride Awards 2019 ရဲ့ Winner ဖြစ်ဖို့ အဆိုပြုခံရသူများအဖြစ် ရွေးချယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က