Animation အမိုက်စားတွေနဲ့ ပုံဖော်ထားတာပါ။

စိုင်းစိုင်းရဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ MTV ကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီးနောက် အချိန် ၁၄ နာရီအတွင်းမှာ ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း ၄ သိန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီ Music Video ကိုတော့ Animation အမိုက်စားတွေနဲ့ အချိန် ၇ လကြာအောင် ကြိုးစားပုံဖော်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ရဲ့ လက်ရှိအောင်မြင်နေတဲ့ သီချင်းတွေထဲမှ တစ်ပုဒ်ဖြစ်တဲ့ ‘’ငါ့ရည်းစားက ပိုမိုက်တယ်’’ သီချင်း MTV မိတ်ဆက်ပွဲကို ဧပြီလ ၁ ရက်နေ့ ညက The Redio Bar မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ MTV ရဲ့ ထူးခြားချက်တွေကိုလည်း စိုင်းစိုင်းက မီဒီယာတွေကနေတဆင့် အခုလို ပြောပြထားပါတယ်။

‘’ဒီ MTV ကို Pencile Studio ကနေ Animation လုပ်ထားတာ။ ဒီ MTV အတွက် ၇ လကြာတယ်။ ဒီ MTV ကို လူတွေကိုယ်တိုင် သရုပ်ဆောင်ထားတာမဟုတ်ပဲ လူနဲ့ အနီးစပ်ဆုံးရှိတဲ့ ကာတွန်းဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတယ်။ ဒီ MTV ကို ဧပြီလ ၁ ရက်နေ့ ည ၈ နာရီတိတိမှာ Social Media အကုန်လုံးကို တစ်ပြိုင်တည်း တင်ခဲ့ပါတယ်’’ လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

Photo: Sai Sai

‘’ငါ့ရည်းစားက ပိုမိုက်တယ် ‘’ သီချင်း MTV ကို မိတ်ဆက်ပေးလိုက်တဲ့ ၁၄ နာရီအတွင်းမှာ ပရိသတ်ပေါင်း ၄ သိန်းကျော်တို့က အားပေးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေက MTV ကို သဘောကျနှစ်သက်လွန်းတာကြောင့် မိတ်ဆက်ပေးလိုက်တဲ့ ၁၄ နာရီအတွင်းမှာပဲ Like 37000 ကျော်ရှိခဲ့ပြီး Share ပေါင်း ၁၃၄၉၁ အထိ ရှိခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကိုတော့ တက္ကသိုလ် စာမေးပွဲတွေ ပြီးတဲ့အချိန် မတ်လ ၃၀ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလိှိုင်ရဲ့ Birthday Show လက်မှတ်များကို မတ်လ(၃၀) ရက်နေ့စတင်ပြီး မြန်မာပလာဇာမှာ ပြုလုပ်မယ့် AYA X ပွဲမှာ စတင်ဝယ်ယူလို့ရပါပြီ။ အဲ့ဒီပွဲမှာ ဝယ်ယူဖို့ အဆင်မပြေနိုင်တဲ့ ပရိသတ်တွေအနေနဲ့ OMG နဲ့ Genius ၊ မန်းသီရိတို့မှာ ဝယ်ယူလို့ ရနိုင်ပါတယ်။ လက်မှတ်တွေကို တစ်သောင်းနှစ်ထောင်ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး VIP လက်မှတ်ကိုတော့ သုံးသောင်းကျပ် သတ်မှတ်ထားတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။



က္က