တပ်မတော် အကျိုးပြုဇာတ်ကားတစ်ကားဖြစ်ပါတယ်။

‘’တစစ်တမတ်’’ရုပ်သံဇာတ်လမ်းတွဲမှာတော့ နာမည်ကျော်သရုပ်ဆောင် များစွာတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ အက်ရှင်မင်းသားချော မင်းထက်ကျော်ဇင်လည်း ပါဝင်လာတာကို တွေ့ရပါတယ်။

‘’တစစ်တမတ်’’ ဆိုတဲ့ ဇာတ်လမ်းတွဲ ကန်တော့ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။



ဒီဇာတ်လမ်းတွဲဟာ တပ်မတော်အကျိုးပြုဇာတ်ကားဖြစ်တယ်လို့ သရုပ်ဆောင် မေသဉ္ဇာဦးက ပြောပါတယ်။ ‘’တစစ်တမတ်’’ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းကိုလည်း Duwun Media ကနေ ဖြေဆိုပေးခဲ့ပါတယ်။

‘’ ကိုယ်က သရုပ်ဆောင်အလုပ်လုပ်နေရတာဆိုတော့ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်နေရရင်ကျေနပ်တယ်။ စစ်ကားဆိုတော့ ကိုယ်လည်း စစ်သား သားသမီးဆိုတော့ ပျော်ပါတယ်။ သူတို့ဖြစ်နေတာက ကိုယ်ဖြစ်နေသလိုပဲ။ ကိုယ့်အသက် ၁၀ နှစ်မှာ ဖေဖေ ဆုံးသွားတာဆိုတော့ ဒီထဲမှာ ခံစားချက်တွေ အကုန်ရှိတယ်။ အဲဒီတော့ ဒီဇာတ်ကားထဲမှာလည်း ပါချင်တာပေါ့’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် တိုင်ရွန်ကလည်း ‘’တစစ်တမတ်’’ ဇာတ်ကားမှာ သတင်းထောက်တစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

‘’ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ၁၉၄၅ ခုနှစ်အစောပိုင်းက တိုက်ပွဲ သတင်းထောက် ဖေကင်း နေရာက သရုပ်ဆောင်ရမှာပါ။ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ဝတ်ပုံစားပုံတွေ၊ ဆံပင်ပုံစံတွေက အစ ကြိုတင်ပြင်ဆင်ရတာပေါ့နော်။ pre production အပိုင်းမှာလည်း အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားရတာဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ထင်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက ‘’တစစ်တမတ်’’ ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

အနုပညာအလုပ်တွေ အလှမ်းဝေးကွာနေခဲ့တဲ့ သရုပ်ဆောင် မင်းထက်ကျော်ဇင်ကလည်း ‘’တစစ်တမတ်’’ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ 2009 ခုနှစ်မှာ ‘ပန်းကြာဝတ်မှုံ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို နောက်ဆုံးရိုက်ခဲ့တယ်။ ၂၀၀၉ ခုနှစ်ကနေ စတွက်မယ်ဆိုရင် အခုဆိုရင် ၂၀၁၉ ခုနှစ် ကုန်တော့မယ်ဆိုတော့ မရိုက်ဖြစ်တာ ၁၁ နှစ်ကြာခဲ့ပြီပေါ့။အရင်တုန်းကလည်း စစ်ကား ရိုက်ခဲ့တာများတယ်။ စိုးရိမ်တာကတော့ ကိုယ့်ဘက်က အချိန်မပေးနိုင်တာ တစ်ကြောင်း၊ အလုပ်ကိစ္စနဲ့တိုက်လို့သော်လည်းကောင်း ကိုယ့်ဘက်က အားနည်းချက်ဖြစ်သွားမှာကိုပဲ စိုးရိမ်ပါတယ်’’ လို့ သူကဆိုပါတယ်။

‘’တစစ်တမတ်’’ဇာတ်ကားကတော့ ၇၅ နှစ်မြောက် တပ်မတော်ဂုဏ်ပြု ဇာတ်ကားတစ်ကားအဖြစ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာအဖြစ် ဇော်မျိုးသိန်းနဲ့ ဗညားအောင်တို့က ရိုက်ကူးသွားမှာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ကတော့ ဇင်ဝိုင်း၊ရဲအောင်၊ ရန်ကျော်၊ မင်းဟိဏ်း၊ ခန့်စည်သူ၊ နေမျိုးအောင်၊ မင်းထက်ကျော်ဇင်၊ တိုင်ရွန်၊ အောင်ရေချမ်း၊ ကျော်ဆု၊ သီဟ၊ ဖြိုးရာဇာနိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ သွေးသစ်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မေမြင့်မိုရ်၊ ယဉ်လတ်၊ ခိုင်သဇင်ငုဝါ တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က