နိုဝင်ဘာလ ၁၁ ရက်နေ့ ဆိုရင် ကျင်းပပြုလုပ်သွားမှာပါ။

‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဂီတဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုလည်း ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

Photo: ဆေးပေါင်းခတဲ့ ရန်ကုန်ည



‘’ဆေးပေါင်းခတဲ့ရန်ကုန်ည’’ ဖျော်ဖြေပွဲကြီးလုပ်မယ့် စာနယ်ဇင်းအသိပေးပွဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ က Yangon Gallery မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ ဖျော်ဖြေပွဲမှာ ဝါရင့် Rock Star ကြီးတွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဂျေမောင်မောင်တို့ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ''ဆေးပေါင်းခတဲ့ ရန်ကုန်ည'' ဖျော်ဖြေပွဲမှာတော့ တက်သစ်စ လူငယ်အဆိုတော်တွေလည်း ပါဝင်လာမယ့် အပေါ် ဇော်ဝင်းထွဋ်က မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ သူတို့က တကယ်ဆိုနိုင်ပြီးတော့၊ သူတို့ရဲ့ ပရိသတ်တွေ အခိုင်အမာရှိတယ်။ သူတို့ရဲ့ ဆိုပုံတွေက တကယ် အားနဲ့မာန်နဲ့ တက်လာတဲ့ကလေးတွေဖြစ်တဲ့အတွက် သူတို့တွေနဲ့ တွဲဆိုရတာ ကိုယ်လည်း နေသာထိုင်သာရှိတယ်။ စိတ်ချလက်ချရှိတယ်၊ ကျွန်တော်က နောက်ဆုံးမှဆိုမှာပါ။ ဥပမာ ၁၅ ပုဒ် လောက်ဆိုတော့ ၁၂ နာရီလောက် ဖြစ်ရင်လည်း ဖြစ်သွားမှာပါ’’ လို့ ဆိုပါတယ်။

Photo: ဆေးပေါင်းခတဲ့ ရန်ကုန်ည

အဲဒီနောက် Idiots အဖွဲ့ဝင်ဖြစ်သူ ရေမွန်ကလည်း ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုသွားမယ့် အကြောင်းကို ပြောပြလာပါတယ်။

‘’ ကျွန်တော်တို့ကတော့ တစ်ပွဲနဲ့ တစ်ပွဲ ပုံစံမတူတဲ့ တင်ဆက်မှုတွေ အမြဲတမ်းလုပ်တယ်။ စင်ပေါ်ရောက်မှ လုပ်တာမျိုးတွေရှိတယ်။ ဘာမှ မတိုင်ပင်ပဲ လုပ်တာတွေလည်း များတယ်။ ဒီတစ်ခေါက်မှာတော့ ကြိုတင်ပြင်ဆင် လုပ်ပြီးတော့ ပရိသတ်ကို Mood အပြည့်ပေးချင်တယ်။ သေသေချာချာလေးလုပ်မယ်လို့တော့ စိတ်ကူးထားတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ဆေးပေါင်းခတဲ့ ရန်ကုန်ည

‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲမှာတော့ အသက်အငယ်ဆုံးအဆိုရှင်အဖြစ် ဟန်နေတာကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဝါရင့် Rock အဆိုတော်ကြီးတွေနဲ့ တွဲဖက်သီဆိုရမယ့်အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

‘’ ဒီအဖွဲ့မှာ ကျွန်တော်က အငယ်တွေဖြစ်နေတော့ ကျွန်တော်တို့ ပုံစံအတိုင်းသွားမယ်။ ဒါပေမယ့် ဝါရင့်အဆိုတော်ကြီးတွေနဲ့ ဆိုမှာဆိုတော့ သူတို့ ပုံစံမျိုးလည်း ပါမှာပေါ့။ ကျန်တာတော့ ထွေထွေထူးထူး သိပ်မရှိပါဘူး။ သီချင်းတွေပဲဆိုမှာပါ။ ဝါရင့်အဆိုတော်ကြီးတွေနဲ့ အတူတူဆိုရမှာဆိုတော့ ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ဆေးပေါင်းခတဲ့ ရန်ကုန်ည

ဆေးပေါင်းခတဲ့ ရန်ကုန်ည ဂီတဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၆ နာရီ သုဝဏ္ဏဘူမိမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီ ဂီတဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ ရင်ဂို၊ BigBag ၊ Idiots ၊ ဝေလ၊ Eternal gosh ၊ Extant အဖွဲ့ တို့က ပါဝင်သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ GA ၁ သောင်းကျပ်၊ VIP (1) ၅သောင်းကျပ်၊ VIP(2) ၃ သောင်းကျပ်၊ VIP (1A) ၇ သောင်းကျပ်တို့ဖြင့် မန်းသီရိတေးသံသွင်း၊ Myanpwal Online Ticketing ၊ MMTIX ၊ Latmat Ticketing Servises တို့မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ VIP လက်မှတ် အသီးသီးကိုတော့ Stellar Seven Entertainment ကနေ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က