နေဒွေးဘက်ကလည်း ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သံစဉ်မောင်ကတော့ သရုပ်ဆောင် နေဒွေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၂၃ နဲ့ ဒီနေ့(ဖေဖော်ဝါရီလ ၇ ရက်) မှာ တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။ သက်သေအထောက်အထား အပြည့်အစုံရှိတယ်လို့ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။ 

သရုပ်ဆောင် သံစဉ်မောင်ကတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင်နေဒွေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တာမွေ တရားရုံးမှာ တရားစွဲဆိုလိုက်ပါပြီ။ သက်သေ အထောက်အထား အပြည့်အစုံရှိတယ်လို့ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းဇော်က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပုဒ်မ ၃၂၃ နဲ့ တရားစွဲထားတာပါ။ ဒီလို စွဲရတဲ့အကြောင်းအရင်းကလည်း သူနဲ့ ဦး သမီးနဲ့ ပတ်သက်နေတုန်းက သမီးကို ရိုက်နှက်ထားတဲ့ ဓာတ်ပုံတွေလည်းရှိတယ်။ အဲဒီ ဓာတ်ပုံတွေကို တရားရုံးကို လာတင်သွင်းတာပါ။ ဦးတို့ဘက်က ရှေ့နေရယ်၊ ဥပဒေအရာရှိတွေရယ် တိုင်ပင်ထားတဲ့ အတွက် သူတို့က ဆက်လုပ်ပေးသွားမှာပါ။ လက်ရှိမှာတော့ ဒီ တစ်မှုတည်းလို့ ဦးတို့ သိထားပါတယ်” လို့ ဆိုပါတယ်။ 

သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူကို ရိုက်နှက်ထားတဲ့ ဓာတ်ပုံတွေကို မြင်ရအချိန်မှာ စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။ 

“ ဦးတို့ဘက်မှာ သက်သေ အကုန်ရှိပါတယ်။ လူသက်သေရော၊ စာရွက်စာတမ်း သက်သေတွေရော၊ ဗီဒီယိုဖိုင်၊ အသံဖိုင်တွေရောရှိတယ်။ ဒီသက်သေတွေ ခိုင်မာလို့သာ တရားရုံးက လက်ခံတာပါ။ တစ်ချိန်တုန်းကတော့ သူတို့ ချစ်သူနှစ်ယောက် ဘယ်လိုပဲနေခဲ့နေခဲ့ ခွင့်လွှတ်ပေးခဲ့လိုက်ပြီ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပြဿနာတွေမှာတော့ မိဘတစ်ယောက်အနေနဲ့ ခွင့်လွှတ်လို့မရဘူး။တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်က တာမွေမြို့နယ် တရားရုံးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Than Sin Mg

အဲဒီနောက် တရားစွဲခံရသူ သရုပ်ဆောင် နေဒွေးကလည်း ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သက်သေခိုင်လုံစွာနဲ့ တရားစွဲဆိုလာရင်လည်း မှန်မှန်ကန်ကန် အမှုရင်ဆိုင်သွားမယ်လို့ ဦးသိန်းစိုးက ပြောပါတယ်။ 

“ ဒါကလည်း သူ့ဘက်က လုပ်ပိုင်ခွင့်ပဲလေ။ သူ့မှာ သက်သေခိုင်လုံရင်တော့ လုပ်ပေါ့။ သူကလည်း ကြောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ဖြစ်မှာလဲ။ ကိုယ့်ဘက်က မှန်လို့ အခုလို လုပ်တာ။ သူ့ဘက်က မှန်ရင်လည်း ပြန်လုပ်လေ။ တရားရုံးမှာ ရင်ဆိုင်ရုံပဲလေ။ ဘယ်သူမှန်တယ် မှားတယ်ဆိုတာ အဖြေထွက်လာလိမ့်မယ်။ သူ့ဘက်က အမှု ၁၀ မှုနဲ့ပဲ စွဲစွဲ၊ အမှု ၁၀၀ လောက်ပဲစွဲစွဲ စိတ်မဝင်စားဘူး။ နောက်မဆုတ်ဘူး ရှေ့ဆက်သွားမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Dway

သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့ နေဒွေးကလည်း မှန်မှန်ကန်ကန် တရားရင်ဆိုင်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က