တစ်ယောက်နဲ့တစ်ယောက် စကားတွေ ပြောဖြစ်ခဲ့ကြတယ်။

အောင်ရဲလင်းကတော့ နေခြည်ဦးနဲ့ ပြန်ဆုံတွေ့တဲ့အချိန်မှာ စကားတွေပြောဖြစ်ခဲ့ကြပါတယ်တဲ့။ 

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အောင်ရဲလင်းနဲ့ နေခြည်ဦး တို့ရဲ့ ပွဲအတူတက်တဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေက စိတ်ဝင်တစားဖြစ်လို့နေပါတယ်။ နေခြည်ဦးနဲ့တွေ့တော့ စကားတွေ ပြောဖြစ်တယ်လို့ အောင်ရဲလင်းက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကျွန်တော့် သူငယ်ချင်း ကျော်ဇေယျာထွန်းကျတော့ သူနဲ့လည်း သိပါတယ်။ ကျွန်တော့် ဇာတ်ကားတွေမှာဆိုရင် ကျော်ဇေယျာထွန်းဆိုတဲ့ နာမည်သုံးတာများတယ်။ ဒါဟာ သူ့ကို အရမ်းခင်တယ်၊ အရမ်းချစ်တဲ့ သူငယ်ချင်းဖြစ်လို့ သူ့နာမည်ကို ထည့်ရိုက်တာပေါ့။ ကျော်ဇေယျထွန်းက အခု အမေရိကားမှာဆိုတော့ သူ အဆင်ပြေရဲ့လား ဆိုပြီးမေးတော့လည်း အဆင်ပြေပါတယ်ပေါ့” လို့ သူကဆိုပါတယ်။ 

အောင်ရဲလင်းဟာ နေခြည်ဦးနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူအဖြစ်က လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ နေခြည်ဦး ပြောင်းလဲ လာခဲ့တဲ့အရာတွေအတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်လည်း အများကြီး မှတ်ချက်မပေးချင်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ သူ့ကို အောင်အောင် မြင်မြင်နဲ့ တွေ့ခွင့်ရတဲ့အတွက်ကြောင့် အရမ်းဝမ်းသာပါတယ်။ အရမ်းလည်း ကျေနပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေနပ်စရာကောင်းပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်က “နှင်းဆီရဲတိုက်” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

လက်ရှိ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အောင်ရဲလင်းက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြရတာ မနှစ်သက်ဘူးလို့လည်း သူက ဆိုပါတယ်။ 

“ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အချစ်ရေးကိစ္စတွေကို Facebook ပေါ်မှာတင်ပြီးတော့ ပြောပြလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ကိုယ်ရေးကိုယ်တာ ဆိုရင် အပြင်မှာ ဖြေရှင်းရတာကိုပဲ သဘောကျတယ်။ Facebook ပေါ်မှာ Status တင်ပြီးတော့ ဖြေရှင်းရတာ မကြိုက်ဘူး။ အချစ်ရေးဆိုရင်လည်း Facebook ပေါ်မှာ ချစ်ရတာ မကြိုက်ဘူး၊ အပြင်မှာ ချစ်ရတာပဲကြိုက်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

အောင်ရဲလင်းကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေကို သေချာ ရွေးချယ်ပြီး ရိုက်ကူးနေတာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာကို တွေ့ရပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ ချောမောခန့်ညားလွန်းတဲ့ပုံစံကြောင့် မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ တစ်ယောက် ဖြစ်နေတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြပြီး သူကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက် မိန်းကလေး ကိုလည်း စိတ်ဝင် စားနေ ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က