ခရီးထွက်နေရတော့ ဆိုက်ကို ဖြစ်သွားတယ်။

ရွှေသမီးကတော့ နေမကောင်းဖြစ်နေတဲ့အချိန်မှာ COVID-19 ကူးစက်မှာကို အရမ်းကြောက်နေမိတယ်လို့ ဆိုပါတယ်။ 

Photo: Li John



ရွှေသမီးကတော့ ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မှာ လက်ရှိဖြစ်နေတဲ့ COVID-19 ရောဂါကူးစက်ခံရမှာကိုစိုးရိမ်မိတယ်လို့ ပြောပါတယ်။ ခရီးသွားခဲ့ရလို့လည်း ပင်ပန်းလွန်းတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုက ကိုယ်လည်း ခရီးပန်းတာရော၊ ပြီးတော့ ဝမ်းပျက်နေတာလည်းပါတယ်။ လူမှာလည်း ညောင်းကိုက်နေတာပဲ။ အခုလို အခြေအနေမျိုးမှာဖြစ်တာဆိုတော့ လက္ခဏာတွေကလည်း တူနေတော့ စိတ်ပူမိတာတော့ရှိတာပေါ့။ အဲဒီတော့ မန္တလေးက ဆရာဝန်သူငယ်ချင်းကို လှမ်းမေးရတယ်။ သူကလည်း ရောဂါနဲ့ပတ်သက်ပြီး စစ်စစ်ပေါက်ပေါက်တွေမေးတယ်။ သူမေးတာတွေ ကိုယ်မဖြစ်တော့ ဘာမှ မဟုတ်ဘူး ခရီးပန်းလို့ဖြစ်တာဆိုတော့ နည်းနည်း စိတ်အေးသွားတာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Bling Bling

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြား နဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များ ကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Shwe Thamee

COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျန်းမာရေးဝန်ကြီးဌာနသာမက အနုပညာရှင် တော်တော်များများကပါ ဂရုတစိုက်ရှိဖို့ တိုက်တွန်းနေကြတာ တွေ့ရပါတယ်။ သရုပ်ဆောင် ရွှေသမီးကလည်း ပရိသတ်တွေအတွက် အခုလို စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။ 

“ အခုလည်း COVID-19 ကို သူ့နည်း သူ့ဟန်နဲ့တော့ ကာကွယ်နေကြတာပဲ။ နိုင်ငံတော်ကလည်း ကျန်းမာရေး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်။ ကိုယ်ကလည်း ဒီရက်ထဲမှာ ခရီးသွားထားတာဆိုတော့ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း ဆိုက်ကိုတော့ ဖြစ်တာပေါ့နော်။ အခုတော့ နေလို့ကောင်းသွားပါပြီ” လို့ မတ်လ ၂၁ ရက်နေ့က Shwe Series ကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Shwe Thamee

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်ဖြစ်လို့နေပါပြီ။ ကာရိုက်တာတိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်တွေကလည်း ပိုပြီးတော့ ချစ်ခင်အားပေးလာကြတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က