ဇာတ်ကားအမျိုးအစားကတော့ ဂီတကို အဓိက ထားပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

“အိပ်မက်ကာရန်” ရုပ်ရှင်ကားကြီးထဲမှာနေတိုးကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတွေပါဝင်မယ်လို့ သိရပါတယ်။ 

သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ တက်သစ်စ အနုပညာရှင်တွေ အများကြီးပါဝင်ကြမယ့် “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။ 



ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်နေတိုးကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ သီချင်းအမျိုးအစား အစုံ ၇ ပုဒ်ခန့်သီဆိုရတာဖြစ်တာကြောင့်လည်း ပိုပြီးတော့ ကြိုးစားခဲ့ရတယ်လို့ နေတိုးက ပြောပါတယ်။ 

“ဒီဇာတ်ကားကတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုများပါတယ်။ ဒီဇာတ်ကားကို ရိုက်ဖို့ ရွေးချယ်လက်ခံလိုက်ကတည်းက ခက်ခဲမယ်ဆိုတာလည်းသိတယ်။ ဒီလို ခက်ခဲတဲ့အရာတွေမှာ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေကို ပရိသတ်မြင်စေချင်တယ်။ ကိုယ်တိုင်ကလည်း Music ကို မြတ်နိုးတယ်၊ ချစ်တယ်၊ ဝါသနာလည်းပါတဲ့အတွက် အရင်ဇာတ်ကားတွေထက် ပိုပြီးတော့ ဒီဇာတ်ကားအပေါ်မှာ ကျေနပ်မိပါတယ်”လို့ သူက ပြောပါတယ်။ 

အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးဟာ အနုပညာအလုပ်ကို ရူးသွပ်ကြတဲ့ ဝါသနာရှင်တွေအတွက် ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားကြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဝါသနာပါတဲ့အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် အောင်မြင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ကြိုးစားနိုင်ဖို့လိုတယ်လို့ နေတိုးက ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးနဲ့ နီနီခင်ဇော်တို့က ဆရာ နဲ့ တပည့်အဖြစ် မြင်တွေ့ရမယ်လို့ သိရပါတယ်။ 

အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ဖန်တီးသူကတော့ အဆိုတော် နီနီခင်ဇော်ဖြစ်ပါတယ်။ သူမကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ နီနီခင်ဇော်ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ နီနီတာဝန်ယူရတဲ့အပိုင်းက တာဝန်လည်းကြီးတယ်။ ပိုပြီးတော့လည်း ပင်ပန်းတဲ့အရာလေးတွေရှိတာပေါ့နော်။ သရုပ်ဆောင်ပညာလည်း လေ့လာသင်ယူနေတဲ့ ကာလလည်းဖြစ်တယ်။ ဇာတ်ညွှန်းဆရာတွေနဲ့လည်း တိုင်ပင်ရတာလေးတွေရှိတော့ နည်းနည်း စိတ်ဖိစီးပါတယ်။ သရုပ်ဆောင်ဘက်ကတော့ နီနီလည်း ကြိုးစားနေတုန်းပါပဲ” လို့ သူကဆိုပါတယ်။ 

အိပ်မက်ကာရန် ရုပ်ရှင်ကားကြီးကို 7sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော် တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စပြီး စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က