ပုံမှန်အတိုင်းလေးပဲ လုပ်သွားချင်တယ်။

မင်းသွေးခန့်ကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် သရုပ်ဆောင် နေတိုး၊ နိုင်းနိုင်းတို့ကို ဥပမာထားပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

Photo: Min Thway Khant



လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုရလာတဲ့ သရုပ်ဆောင် မင်းသွေးခန့်ကတော့ အနုပညာ အလုပ်အပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။ သရုပ်ဆောင် နေတိုး၊ နိုင်းနိုင်းတို့လို အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကျွန်တော်က နာမည်အရမ်းကြီးတယ်ဆိုတာထက် ဒီအနုပညာအလုပ်ကို ကိုနေတိုးတို့၊ ကိုနိုင်းနိုင်းတို့ လိုမျိုး တစ်သက်လုံး လုပ်သွားချင်တယ်။ အရမ်းမအောင်မြင်ရင်လည်း တစ်ဆင့်ပြီး တဆင့် ပုံမှန်ခြေလှမ်းလေးအတိုင်းပဲ သွားချင်တယ်။ ဂယက်ကြီးထပြီး ၂ လ၊ ၃ လလောက်ပဲ ပေါက်ပြီးပျောက်သွားတဲ့လူမျိုး မဖြစ်ချင်ဘူး။ နာမည်မကြီးရင်တောင်မှ အနုပညာလောကထဲက တစ်ထောင့်တစ်နေရာမှာ အလုပ်လုပ်ချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Min Thway Khant

Stay Home ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ရတဲ့အချိန်မှာ ပရိသတ်တွေ မေ့သွားမှာလည်း စိုးရိမ်တယ်လို့ မင်းသွေးခန့်က ဆိုပါတယ်။ 

“ အခုက Online ခေတ်ဆိုတော့ တော်တော်များများက Social Media ပေါ်ရောက်သွားတာများတော့ ကျွန်တော်တို့ အတွက်က အခက်အခဲ သိပ်မရှိပါဘူး။ အဲဒီတော့ အပြင်လည်း မထွက်ရဘူး Current ဖြစ်တဲ့ နေရာမှာလည်း အလုပ်တွေ လုပ်စရာမလိုအောင် အိမ်ကနေတဆင့် လုပ်လို့ရနိုင်မယ့် အလုပ်လေးတွေ လုပ်တယ်။ ပြီးတော့ ကျွန်တော့် ဓာတ်ပုံ ဆရာနဲ့ ကျွန်တော် ဓာတ်ပုံတွေ ထွက်ရိုက်ရင်း ပရိသတ်တွေ မေ့သွားမှာကြောက်လို့ အလုပ်တစ်ခုခုကတော့ အမြဲတမ်း လုပ်ဖြစ်နေပါတယ်” ဆိုပြီးတော့ Innocence ရုပ်သံ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: E Photography

မင်းသွေးခန့်ကိုတော့ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ အခုဆိုရင်တော့ မင်းသွေးခန့်ဟာ ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ အနုပညာရှင်အသစ်တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က